DVB Logo
Home
မြန်မာသတင်း
နေပြည်တော် SMIDB ဘဏ်ခွဲတွင် ငွေချေးလိုသူများစုပြုံနေပြီး ဝန်ထမ်းအင်အားမမျှဖြစ်နေ
DVB
·
July 5, 2017
နေပြည်တော် SMIDB ဘဏ်ခွဲတွင် ငွေချေးလိုသူများစုပြုံနေပြီး ဝန်ထမ်းအင်အားမမျှဖြစ်နေ
Donate to DVB

 

အသေးစားနဲ့ အလတ်စား စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB) ကနေ နိုင်ငံ့ဝန်ထမ်းတွေကို လစာရဲ့ ၃ဆ ငွေထုတ်ချေးနေရာမှာ နေပြည်တော်မှာ ဘဏ်ခွဲမှာ ငွေချေးလိုသူများနေပြီး ဘဏ်ဝန်ထမ်းအင်အားနဲ့မမျှဖြစ်နေတယ်လို့ ဘဏ်တာဝန်ရှိသူက ပြောပါတယ်။

SMIDB ရဲ့ နေပြည်တော် ဥတ္တရသီရိ ဘဏ်ခွဲမှာ ဇွန်လ ၆ ရက်နေ့ကတည်းက ငွေ စချေးပေးခဲ့တာ ဖြစ်ပြီး လူတွေ စုပြုံစောင့်ဆိုင်းနေကြရတာပါ။

ဘဏ်ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဇေယျာညွန့်က“လူထုကလည်း သူတို့ အခက်အခဲနဲ့ သူတို့ဆိုတော့ ဘယ်လိုမှ ပြောမရဘူး။ ထုံးစံအတိုင်း queue (တန်းစီ) ကို နားမလည်ဘူး။ ဝန်ကြီးဌာနအလိုက် ဘယ်နေ့လာပါပြောထားတယ်၊ ကောင်တာတွေ ခွဲပေးထားပေမယ့် မရဘူး။ ပြီးတော့ စာရွက်စာတမ်း မပြည့်စုံတာတွေ ရှိနေတော့ ကြာတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

နဂိုက အဲဒီဘဏ်မှာ ဝန်ထမ်း ၃၀ ပဲ ရှိပေမယ့် အခု နှစ်ဆထပ်တိုးပေးထားတာတောင် ငွေလာချေးသူက နေ့စဉ် အယောက် ၁၀၀၀ လောက်ရှိနေတာကြောင့် လူတွေ အုံနေတာလို့လည်း သူက ပြောပါတယ်။

တပ်မတော်၊ ရဲနဲ့ အရပ်သားဝန်ထမ်းတွေ အနေနဲ့ ဌာနဆိုင်ရာအကြီးအကဲနှစ်ယောက်ရဲ့ ထောက်ခံစာနဲ့ လစာရဲ့ ၃ ဆအထိ ချေးယူနိုင်မှာဖြစ်ပါတယ်။ ချေးငွေကို တစ်နှစ်အတွင်း ပြန်ဆပ်ရမှာဖြစ်ပြီး အတိုးနှုန်းက တစ်နှစ်ကို ၁၂ ရာခိုင်နှုန်းနဲ့  လစဉ် အတိုးရော အရင်းပါခွဲဆပ်ရမှာပါ။

လက်ရှိမှာတော့ ရန်ကုန်က ရုံးချုပ်အပါအဝင် မူဆယ်ဘဏ်ခွဲကလွဲပြီး တစ်နိုင်ငံလုံးက SMIDB ဘဏ်ခွဲ ၁၉ ခုမှာ ငွေချေးပေးနေတယ်လို့ ဒေါက်တာ ဇေယျာညွန့်က ပြောပါတယ်။

ဘဏ်အနေနဲ့ လက်ရှိအချိန်ထိ  ဝန်ထမ်း နှစ်သောင်းလောက်ကို  ကျပ်ငွေ ၃ ဘီလျံ လောက်ထုတ်ချေးပြီပြီလို့သိရပါတယ်။

SMIDB အနေနဲ့ ပြီးခဲ့တဲ့လကလည်း ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ရဲ့ နှစ်ဆင့်ချေးငွေ ကျပ်သိန်းပေါင်း ၆ သောင်းလောက်ကို အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ချေးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013