DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာမြို့တွင် ၁၈ ဘီးကားနှင့် တပ်ကြပ်ကြီးဆိုင်ကယ် တိုက်၊ ပြင်းထန်ဒဏ်ရာရ
DVB
·
July 5, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ရတနာဦးစားသောက်ဆိုင်အနီး မိုင်တိုင် ၃၄၅/၅ နဲ့ ၆ ကြားမှာ ဇူလိုင် ၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်က လေယာဉ်ထုတ်လုပ်ရေးတပ်မှ တပ်ကြပ်ကြီး ဖြိုးဝေထွန်းနဲ့ ၁၈ ဘီးကားတို့ တိုက်မိခဲ့တယ်လို့ မိတ္ထီလာမြို့ အမှတ် ၃ ရဲစခန်းက ပြောပါတယ်။

တပ်ကြပ်ကြီးဖြိုးဝေထွန်း ဆိုင်ကယ်က ၁၈ ဘီးကားကို ကျော်တက်မလို့လုပ်နေချိန်မှာ ၁၈ ဘီးကားက ရုတ်တရက် ရပ်တန့်လိုက်လို့ ကားဘယ်ဘက်ခြမ်းကို ဝင်တိုက်မိတာပါ။

တာဝန်ကျအရာရှိ ဒုရဲအုပ်သိပ္ပံက “တပ်ကြပ်ကြီးဖြိုးဝေထွန်း အပေါ် သွားလေးချောင်း ကျိုးပြီး မျက်ခုံးနဲ့ ဒူးတွေ ပွန်းပဲ့ကုန်တယ်။ တပ်မတော် ခုတင် ၅၀၀ ဆေးရုံပို့ပေးရတယ်။ ၁၈ ဘီကား ယာဉ်မောင်း ဇော်မင်းထွန်းက ပင်လောင်းမြို့ကပါ”လို့ ပြောပါတယ်။

မိတ္ထီလာမြို့ အမှတ်-၃ ရဲစခန်းက တပ်ကြပ်ကြီးဖြိုးဝေထွန်းနဲ့ ၁၈ ဘီး ယာဉ်မောင်း ကိုဇော်မင်းထွန်းတို့ကို အမှုအမှတ် ယာဉ်(ပ)၁၂/၂၀၁၇ နဲ့ ယာဉ်မဆင်မခြင် မောင်းလို့ ပြင်းထန်ဒဏ်ရာ ရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013