DVB Logo
Home
မြန်မာသတင်း
အသက် ၆၂ နှစ် အမျိုးသားက အသက် ၆၅ နှစ်အရွယ်အမျိုးသမီးကို အဓမ္မပြုကျင့်ရန် ကြံစည်
DVB
·
July 5, 2017
Donate to DVB

ကော့သောင်းမြို့မှာ အသက် ၆၂ နှစ်အမျိုးသားတဦးက အသက် ၆၅ နှစ်အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ဖို့ ကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့ ကော့သောင်းရဲစခန်းက သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ရွှေပြည်စိုးကျေးရွာ ၆ မိုင်ကုန်းမှာ ဇူလိုင် ၄ ရက်နေ့ မနက် ၉ နာရီခွဲလောက်က အသက် ၆၅ နှစ်အရွယ် ဒေါ်------------- နေအိမ်မှာ တယောက်တည်းရှိနေစဉ် တရွာတည်းနေ အသက် ၆၂ အရွယ် ကရင်(ခ)အောင်မြင့်က နေအိမ်ကို ရောက်ရှိလာပြီး နေအိမ်အတွင်းရှိ ရေချိုးခန်းထဲကို အတင်းဆွဲခေါ်ကာ အဓမ္မပြုကျင့်ဖို့ ကြံစည်နေချိန်မှာ သားဖြစ်သူ ပြန်လည်ရောက်ရှိလာတဲ့အတွက် ထွက်ပြေးသွားခဲ့တာပါ။

အဓမ္မပြုကျင့်ဖို့ ကြံစည်သူ ကရင်ကို ဥပဒေအရ အရေးယူပေးဖို့ တိုင်တန်းချက်အရ ဖမ်းဆီးရမိရေး ရဲအုပ်အောင်ဇော်မင်းထွန်း ဦးစီးတဲ့အဖွဲနဲ့ တာဝန်ရှိသူတွေဟာ တရားခံ ကရင် သွားလာတတ်တဲ့ နေရာတွေကို စစ်ဆေးရှာဖွေခဲ့ပြီး ၁၀ မိုင် ကျေးရွာအနီး ဥယျာဉ်ခြံတခုမှာ တရားခံရဲ့ ဆွေမျိုးသားချင်းတွေ အလုပ်လုပ်ကိုင်နေပြီး အဲဒီနေရာဟာ သွားလာရေး ခက်ခဲတာကြောင့် ပုန်းခိုနေထိုင်နိုင်တယ်လို့ သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ တရားခံကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ တရားခံ ကရင်ကို ကော့သောင်းရဲစခန်းက ဥပဒေနဲ့အညီ (ပ)၉၉၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - Paloat ၊ ဓာတ်ပုံ - မြို့မရဲစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013