DVB Logo
Home
မြန်မာသတင်း
မောတောင်နယ်စပ်တွင် နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ ငွေကြေးတောင်းခံနေ
DVB
·
July 5, 2017
Donate to DVB

ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဆိုင်ကယ် တက္ကစီကယ်ရီ ပြေးဆွဲသူတွေက လမ်းကြောင်းရှင်း ဆောင်ရွက်ပေးနေကြောင်း ပြောဆိုပြီး လူတဦးကို ဘတ် ၁၀၀၀ ကောက်ခံနေတယ်လို့ ထိုင်းနိုင်ငံက ပြန်ရောက်လာတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား တဦးက ပြောပါတယ်။

ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင်အတွင်းမှ ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုအောင် က “မသိလို့ ပေးလိုက်ရတယ်။ ဆင်းခွန်ဂိတ် တောင်ခြေမှာ မြန်မာဆိုင်ကယ်သမားတွေက တောင်ပေါ် မောတောင်မြို့ကို သွားမယ်ဆိုရင် ဘတ်တထောင်ပေးရမယ်ဆိုလို့ ပေးပြီးလိုက်တာ ဒီရောက်တော့ ဘာမှမပေးရဘူးဆိုတာ သိလိုက်ရတယ်။ ဒီမှာကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိနေတာကို အခုမှသိရတယ်။ နောက်ထပ်ရောက်လာမယ့် မြန်မာတွေ အများကြီးရှိသေးတယ်။ သူတို့ကိုလည်း ဒီလိုမဖြစ်အောင် ၀ိုင်းဝန်းကူညီပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

ဆိုင်ကယ်တက္ကစီသမားတွေက လူတဦးကို ဘတ်တထောင်ယူရာမှာ လ၀ကအတွက်ဘတ် ၂၀၀၊ နယ်စပ်ရဲတပ်ဖွဲ့အတွက် ဘတ် ၁၀၀၊ စရဖ နဲ့ တခြားအဖွဲ့အစည်းတွေအတွက် ဘတ် ၅၀ စီပေးသွင်းရကြောင်း ပြောဆိုပါတယ်။

မောတောင်ရဲစခန်းမှ ရဲအုပ်မောင်မောင်က “မောတောင်နယ်စပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့အနေနဲ့ တရားမဝင် ငွေကြေးကောက်ခံနေတာတွေ မရှိဘဲ၊ နေ့စဉ် လူဝင်လူထွက် စာရင်းတွေကိုလည်း သေချာမှတ်တမ်းပြုလုပ်ကာ စိစစ်ဆောင်ရွက်ပေးနေတယ်”လို့ ပြောပါတယ်။

တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက “မောတောင်- ဆင်းခွန်နယ်စပ်ဂိတ်တွေကို ဖြတ်သန်းသွားလာရာမှာ မြန်မာနဲ့ ထိုင်းနိုင်ငံသားတွေ အားလုံးမှာ ထိုင်းဂိတ်မှာ ဘတ် ၃၀၊ မြန်မာဂိတ်မှာ ကျပ် ၁၀၀၀ တရားဝင်ငွေသွင်းကာ သွားလာလို့ ရပေမယ့်လည်း အခုနေရပ်ပြန် မြန်မာနိုင်ငံသားတွေကို ဘတ် ၁၀၀၀ (မြန်မာငွေကျပ် ၄ သောင်းနီးပါး) ကောက်ခံနေကြောင်း သိရပါတယ်။ အဆိုပါ တရားမဝင်ငွေ ကောက်ခံနေတဲ့ ကိစ္စနဲ့ လူဝင်လူထွက်စာရင်း ကွာဟနေတာတွေကို နယ်/လုံကို တင်ပြပြောဆိုထားပြီး စုံစမ်းစစ်ဆေးသွားမယ်”လို့ ပြောပါတယ်။

မောတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသားလေးက “မောတောင်ကို နေ့စဉ်လူ ၂၀၀ လောက် ပြန်ဝင်လာနေပါတယ်။ သူတို့ကို နေရာထိုင်ခင်း စားသောက်စရာတွေကို တတ်နိုင်သမျှ စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ နေရပ်ကိုပြန်ဖို့ အခက်အခဲရှိသူတွေကိုလည်း အလှူရှင်တွေ စုပေါင်းပြီး ပြန်နိုင်အောင် ကားခလေးတွေ စီစဉ်ပေးနေပါတယ်”လို့ ပြောပါတယ်။

တနင်္သာရီမြို့နယ် မောတောင်မြို့မှာ မြန်မာ-ထိုင်း နယ်စပ်ဝင်ပေါက်တခုဖြစ်ပြီး နေရပ်ပြန် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေမှာ အဆိုပါနယ်စပ်ပေါက်မှ နေ့စဉ်ရာချီ ဝင်ရောက်နေတယ်လို့ ကူညီ ဆောင်ရွက်ပေးနေတဲ့ မောတောင်မြို့ခံပရဟိတအသင်းဝင်တွေက ပြောကြားပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013