DVB Logo
Home
မြန်မာသတင်း
မြိတ်ဒေသထုတ် ငါးပိများတွင် ဆိုးဆေးများ အသုံးပြုထားကြောင်း FDA စစ်ဆေးတွေ့ရှိ
DVB
·
July 5, 2017
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ထားဝယ်စုရပ်ကွက် ဆိပ်ငယ်ဈေးကြီးနဲ့ မြိတ်တောင်ကျေးရွာရှိ အောင်မင်္ဂလာဈေးတွေမှာ စားသောက်ကုန်တွေနဲ့ အလှကုန်ပစ္စည်းတွေကို ဇူလိုင် ၃ ရက်က FDA က ကွင်းဆင်းစစ်ဆေးရာ မြိတ်ဒေသထုတ် ငါးပိတချို့မှာ စားသုံးဖို့မသင့်တဲ့ ဆိုးဆေးတွေ အသုံးပြုထားတာကို တွေ့ရှိတယ်လို့  စစ်ဆေးအဖွဲ့ထံမှ သိရပါတယ်။

ဈေးကွက်အတွင်း ရောင်းချနေတဲ့ စားသောက်ကုန်တွေနဲ့ အလှကုန်ပစ္စည်းတွေကို မြိတ်မြို့မှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနပိုင် Mobile Laboratory ကားနဲ့ ကွင်းဆင်း စစ်ဆေးနေပြီး၊ ဓာတ်ခွဲစမ်းသပ်ရာမှာ  ခွင့်မပြု ဓာတုဆိုးဆေး အသုံးပြုထားတဲ့ ကုန်ပစ္စည်းတွေကို သိမ်းဆည်းခဲ့တယ်လို့ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ခံဆရာဝန် ဒေါက်တာဟိန်းမင်းထက်အောင်က ပြောပါတယ်။

မြိတ်မြို့နယ် ဆိပ်ငယ်ဈေး အရောင်းဆိုင် (၁)ဆိုင်မှ ငါးပိ ၁၂ ပိဿာ၊ လက္ကားဒိုင် ၁ ဦးမှ ၃၅၀ ပိဿာတို့မှာ တားမြစ်ထားတဲ့  Rhodamine B အသုံးပြု ငါးပိတွေကို စစ်ဆေးတွေ့ရှိခဲ့ပြီး အောင်မင်္ဂလာဈေးမှ  နှစ်နေလှန်း ငါးပိ ၅ ပိဿာ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

အလားတူ တားမြစ် အလှကုန်ပစ္စည်းတွေကို ဆိပ်ငယ်ဈေးမှ ၅ မျိုး ၁၉ ဘူးနဲ့ အောင်မင်္ဂလာဈေးမှ ၄ မျိုး ၁၈ ဘူး တွေ့ရှိ သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

အရောင်းဆိုင်တွေကို ခွင့်မပြု ဓာတုဆိုးဆေး၊ တာရှည်ခံပစ္စည်း အသုံးပြုထားတဲ့ စားသောက်ကုန်တွေ ဆက်လက် ရောင်းချခြင်း မပြုကြဖို့ အရောင်းဆိုင် ၆ ဆိုင်နဲ့ လက္ကားဒိုင် ၁ ဦးတို့ကို  ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့ပြီး ပစ္စည်းတွေကို သိမ်းဆည်းခဲ့တယ်လို့ မြိတ်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဇင်မေဌေးက ပြောပါတယ်။

သတင်း-ဓာတ်ပုံ ဇော်ဇော်(မြိတ်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013