DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအင်အားစု ၅ ဖွဲ့က အန်အယ်လ်ဒီအစိုးရကို တရားစွဲရန်နေပြည်တော်ကိုရောက်လာ
DVB
·
July 4, 2017
နိုင်ငံရေးအင်အားစု ၅ ဖွဲ့က  အန်အယ်လ်ဒီအစိုးရကို တရားစွဲရန်နေပြည်တော်ကိုရောက်လာ
Donate to DVB

 

အန်အယ်လ်ဒီအစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မလုပ်ဆောင် နိုင်တော့တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ယူဆတဲ့အတွက် နိုင်ငံရေးအဖွဲ့ ၅ ဖွဲ့က အန်အယ်လ်ဒီအစိုးရကို တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။

၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းပေးဖို့ လက်ရှိအစိုးရအဖွဲ့ကို တရားစွဲဆိုဖို့ နိုင်ငံရေး အင်အားစု ၅ ခုက ကိုယ်စားလှယ် ၁၅ ဦးက တရားလိုပြုလုပ်ပြီး မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး မြို့တော် နေပြည်တော်ကောင်စီနယ်မြေက ဒက္ခိဏမြို့နယ် တရားရုံးမှာ တရားစွဲဆိုဖို့ ဇူလိုင်လ ၄ ရက်နေ့က ရောက်ရှိလာခဲ့ပါတယ်။

ဒီလိုရောက်ရှိလာခဲ့ပေမယ့် ရုံးချိန်းတိုင်းမှာ အဖွဲ့ဝင် ၁၅ ဦးကိုယ်စား တာဝန်ယူ တက်ရောက်ပေးမယ့် ကိုယ်စားလှယ်ဟာ အရေးပေါ်ကျန်းမာရေးချို့တဲ့သွားတဲ့အတွက် ကိုယ်စားလှယ် မလွှဲအပ်နိုင်သေးတဲ့အတွက် တရားစွဲဆိုနိုင်ခြင်းတော့ မရှိသေးပါဘူးလို့ တရားစွဲ ဆိုမယ့် ကိုယ်စားလှယ် ၁၅ ဦးအဖွဲ့ဝင် ဒေးဗစ် ဦးလှမြင့်က ပြောပါတယ်။

“လက်ရှိအစိုးရအဖွဲ့က သူတို့လည်း ဒီ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့လည်း လက်ခံတာ မဟုတ်ပါဘူး။ သူတို့ ပြင်ဆင်ဖို့ အမျိုးမျိုးကြိုးစားခဲ့တယ်။ ဒီနေ့အချိန်ထိ ပြင်ဆင်လို့ မရဘူး။ နောက်ဆုံး ပြင်ဆင်တဲ့ ကိစ္စကို တဖြေးဖြေး နောက်ကို ရောက်သွားတဲ့ အနေအထားမှာ ရှိတယ်။ သူတို့လုပ်နိုင်တော့တဲ့ အနေအထားကို တဖြေးဖြေးရောက်ရောက်လာတာကို တွေ့ရတယ်။ အဲဒီအတွက် ကျနော်တို့က တဖက်တလမ်းကနေပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်လို့ရရင်ရ၊ မရရင် အသစ်ပြန်လည်ရေးဆွဲနိုင်အောင်လို့ ကျနော်တို့က ဒီကိစ္စကို ဆောင်ရွက်တာ ဖြစ်တယ်။”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနဲ့ချက်တွေကို အချက်အလက်ခိုင်ခိုင်မာမာနဲ့ တင်ပြပြီး နိုင်ငံတော်ကို တရားဆွဲဆိုမှာ ဖြစ်တဲ့အတွက် ပြည်သူတွေရွေးချယ်တင်မြောက်ထားတဲ့ အစိုးရဖြစ်တဲ့ အန်အယ်လ်ဒီအစိုးရဟာ အမှုကို လက်ခံရင်ဆိုင်သွားဖို့ မျှော်လင့်တယ်လို့လည်း ဒေါ်နော်အုန်းလှက ပြောပါတယ်။

“ဖွဲ့စည်းအုပ်ချုပ်ပုံတခုက လွဲချော်နေတာကိုတော့ တရားဥပဒေစိုးမိုးမှုရှိရင်တော့ လက်ခံလာမှာပါ။ ဒါကတော့ ကျမတို့ နိုင်ငံမှာ အဓိက ဥပဒေကြီးတခုလုံး အပေါ်ဆုံးမှာ လွဲချော်နေတာတခုကိုတော့ နိုင်ငံသားတယောက် တာဝန်အရ ပြင်ဆင်ခွင့်လည်းရှိတယ်။ အခွင့်အရေးရလည်း နိုင်ငံတော်က လည်း တရားစွဲဆိုခံနိုင်တယ်၊ ဆွဲနိုင်တယ်ဆိုလို့ အန်တီတို့က တရားဆွဲတာဖြစ်ပါတယ်။ လက်ရှိ အစိုးရက လူထုတင်တဲ့ အစိုးရဖြစ်တယ်၊ အခုအပေါ်မှာတော့ ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်တယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဖို့တရားစွဲဆိုမှုကို အစိုးရအနေနဲ့ လက်ခံ ရင်ဆိုင် သွားမယ်ဆိုပါက တရားရင်ဆိုင်နေချိန်မှာဘဲ ၁၉၉၀ ခုနှစ် ရွေးကောက်ခံကိုယ်စားလှယ်တွေ ဦးဆောင်ပြီး နိုင်ငံတော်အတွက် အခြေခံဥပဒေအသစ်တခုကို ရေးဆွဲသွားမှာဖြစ်တယ်လို့လည်း ဒေးဗစ်လှမြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013