DVB Logo
Home
မြန်မာသတင်း

သိန်း ၁၅၀၀ ​ခန့်​တန်​ဖိုးရှိ မူးယစ်​​ဆေးဝါးများ သယ်​​ဆောင်​လာသူ ထွက်​​ပြေးလွတ်​​မြောက်​​နေ

DVB
·
July 4, 2017
Donate to DVB

ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ဝမ်ဆာရွာအနီး ကျိုင်းတုံ - လွိုင်မွေ ကားလမ်းတွင် ဇူလိုင်လ ၂ရက်နေ့ ညနေက KETAMINE လို့ ယူဆရတဲ့ အဖြူရောင် ပုံဆောင်ခဲ ၅၀ ကီလိုခန့်ကို ဖမ်းဆီးရမိပြီး သယ်ဆောင်လာသူမှာ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ကျိုင်းတုံမြို့မရဲစခန်းက သိရပါတယ်။

မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့သတင်းအရ ၀မ်ဆာရွာအနီးမှာ ပိတ်ဆို့ရှာဖွေနေစဉ် လက်ဆွဲဆာလာအိတ်ကို ဆိုင်ကယ်နောက်မှာ တင်ဆောင်ပြီးမောင်းနှင်လာတဲ့ ဆိုင်ကယ်သမား ဟာ ဆိုင်ကယ်ကိုထားကာ ရာဘာတောထဲသို့ ထွက်ပြေးသွားခဲ့ပြီး သယ်ဆောင်လာတဲ့ ဆာလာအိတ်အထုပ်ကို စစ်ဆေးရာ GUANYINWANG စာတမ်းပါ KETAMINE လို့ ယူဆရတဲ့ အဖြူရောင် ပုံဆောင်ခဲ အလေးချိန် ၅၀ ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ်သိန်း ၁၅၀၀ လောက်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာပြီး ထွက်ပြေးတိမ်းရှောင်နေသူကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရ ကျိုင်းတုံမြို့မရဲစခန်းမှာ မယ(ပ) ၆၅/ ၂၀၁၇၊ မူး/စိတ် ၁၉(က) အရ အရေးယူထားပြီး တရားခံကို ဖမ်းမိရေးအတွက် လုပ်ဆောင်နေကြောင်း ကျိုင်းတုံမြို့မရဲစခန်းက သိရပါတယ်။

သတင်း - သားသား၊ ဓာတ်ပုံ - ၀န်းဖုန်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013