မန္တလေးမြို့ရဲ့ ပထမဆုံး KFC Myanmar ကြက်ကြော်ဆိုင်ကို ၇၈ လမ်း၊ ၃၄ လမ်းထောင့်မှာ ဒီကနေ့ စတင် ဖွင့်လှစ်ရောင်းချနေရာမှာ တန်းစီပြီး ဝယ်ယူသူတွေ များပြားနေပါတယ်။
ကြက်ကြော်အတွက် ပြည်တွင်းက ကြက်သားတွေကို သန့်သန့်ရှင်းရှင်း သုံးစွဲထားပြီး ဥရောပအစားအစာကို မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ အရသာ ပြုလုပ်ပေးထားတယ်လို့ KFC Myanmar Managing Director က ပြောပါတယ်။
KFC Myanmar ကြက်ကြော်ဆိုင်ခွဲတွေကို ၂၀၁၅ ခုနှစ်ကစလို့ မြန်မာနိုင်ငံမှာ ၁၃ ဆိုင် ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီးအခု မန္တလေးဈေးကွက်မှာ ဆိုင်ခွဲသစ် စတင်ဖွင့်လှစ် ဈေးကွက်ချဲ့ထွင်လိုက်တာ ဖြစ်ပါတယ်။
ဓာတ်ပုံ-အောင်အောင်










