DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့နယ်တွင် လေပြင်းတိုက်ခတ်၊ စာသင်ကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီး
DVB
·
July 4, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ထဲရှိ ရေဖြူကန်ကျေးရွာ၊ ထင်ကုန်းကျေးရွာ၊ ကျောက်ပုံကျေးရွာ၊ ဒုံဇရစ်ကျေးရွာမှာ ဇူလိုင် ၃ ရက်နဲ့ ဒီနေ့ ဇူလိုင် ၄  ရက်နေ့တွေက လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းတကျောင်းနဲ့ လူနေအိမ်ခြေ ၄၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဝေလင်းကျော်က “ရေဖြူကန်ကျေးရွာမှာတော့ မနေ့က ည ၁၂ နာရီအချိန်လောက်က လေပြင်းတိုက်လို့ အ.လ.က(ခွဲ) စာသင်ကျောင်းမှာ သွပ်အမိုးလန် ပျက်စီးသွားတယ်။ အဲဒီရွာမှာပဲ အိမ် ၂ လုံးလည်း ပါသွားတယ်။ ထင်းကုန်းကျောက်ပုံဘက်မှာတော့ ဒီနေ့ ၄ ရက်နေ့ မနက် ၃ နာရီလောက်က ဖြစ်သွားတယ်။ လူနေအိမ် ၅ လုံးပြိုကျသွားပြီး နေအိမ် ၃၅ လုံး သွပ်အမိုးလန်သွားတယ်။ ခုလိုပျက်စီးတာနဲ့ပတ်သက်ပြီး ကျနော်တို့က ပျက်စီးစာရင်းတွေကို ခရိုင်/တိုင်းအစိုးရအဖွဲ့ကို တင်ရတယ်။ နောက်ပြီး တိုင်းလူကယ်ပြန်ကိုလည်း ပို့ပေပးရတယ်။ ပို့ပေးပြီး နောက်နေ့ကျရင် သူတို့ဆင်းလာပြီး သူတို့မှာ သတ်မှတ်ထားတဲ့နှုန်းတွေ ရှိတယ်။ အိမ်ပြိုရင် ဘယ်လောက်၊ သွပ်လန်ရင် ဘယ်လောက် အချပ်ရေနဲ့ ထောက်ပံ့တာတွေ ရှိတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ကာလတန်ဖိုး ကျပ်သိန်း ၉၀  ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး ရေဖြူကန်ကျေးရွာ စာသင်ကျောင်း အမိုးလန် ပျက်စီးသွားတဲ့အတွက် သင်ကြားအရေးအပိုင်းမှာ စာသင်ခန်းတချို့ ခေတ္တယာယီ ကျောင်းပိတ်ထားရတယ်လို့လည်း သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013