DVB Logo
Home
မြန်မာသတင်း
ကျောက်မျက်ရတနာကုန်ချောရောင်းချနိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံနှင့်တွေ့ဆုံဆွေးနွေး
DVB
·
July 4, 2017
ကျောက်မျက်ရတနာကုန်ချောရောင်းချနိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံနှင့်တွေ့ဆုံဆွေးနွေး
Donate to DVB

မြန်မာနိုင်ငံကထွက်တဲ့ ကျောက်မျက်ရတနာတွေကို ကုန်ကြမ်းအနေနဲ့ ရောင်းချနေတာထက် ကုန်ချောအဖြစ် ထုတ်လုပ်ရောင်းချနိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျောက်မျက် လုပ်ငန်းရှင်တွေ ဇူလိုင် ၃ရက် က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဟာ   မနေ့မနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမမှာတွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့ တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရုံးမူက“ကုန်ကြမ်းရောင်းတာထက် Value Added (တန်ဖိုးမြှင့်ထုတ်ကုန်) အဖြစ်ကူးပြောင်းဖို့ တင်ပြ လမ်းညွှန်မှု ခံယူတာပါ။ ပန်းပု၊ ပန်းထိမ်စတဲ့ ထုတ်လုပ်မှုလက်မှု ပညာသင်တန်းကျောင်းတွေ တိုးချဲ့သင့်တယ်။ ကျနော်တို့အသင်းက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို တင်ပြခဲ့ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ ကျောက်မျက်မှောင်ခိုကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း “မျှတတဲ့အခွန် ဖြစ်လာရင်တော့ မှောင်ခိုတွေ တားဆီးနိုင်မယ်။ ဥပဒေအသစ်ကို လွှတ်တော်က တော့ လုပ်နေပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စိန်ကလွဲလို့ တခြား အဖိုးတန် ကျောက်မျက်ရတနာတွေအားလုံးနီးပါး ထွက်ရှိပေမယ့် ကုန်ကြမ်းအဖြစ်ပဲ ရောင်းချနေခဲ့တာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

ကျောက်မျက်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲကို သမ္မတရုံးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းသူ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်တင်နဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ -MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013