DVB Logo
Home
မြန်မာသတင်း
နေပြည်တော်က တရားမဝင်အနှိပ်ခန်းနှင့်ကေတီဗွီကို ဖမ်းဆီးအရေးယူ
DVB
·
July 4, 2017
နေပြည်တော်က တရားမဝင်အနှိပ်ခန်းနှင့်ကေတီဗွီကို ဖမ်းဆီးအရေးယူ
Donate to DVB

နေပြည်တော်၊ ဟိုတယ်ဇုန် (၂) ရှိ ကျောက်စိမ်းမြို့တော်ဟိုတယ်ကို  ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးပြီး တရားမဝင် အနှိပ်ခန်း၊ KTV ဖွင့်လှစ်လုပ်ကိုင်နေမှု၊  လိုင်စင်မဲ့ ယစ်မျိုးရောင်းချမှုတွေနဲ့ အရေးယူလိုက်ပါတယ်။

အဲဒီဟိုတယ်ကို သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့က ဇူလိုင်လ ၃ ရက်နေ့ ညပိုင်း ၁၁ နာရီ ၄၅ မိနစ်အချိန်က ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဟိုတယ်မန်နေဂျာကို လိုင်စင်မဲ့ KTV ကာရာအိုကေဖွင့်လှစ်မှုနဲ့ မမစ(ဘုရားကုန်း) (ပ)၃၂၀/၂၀၁၇ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ၃၂(က)၊ ပြည်သူ့ဝန်ထမ်းက ဥပဒေနဲ့အညီ ထုတ်ပြန်ထားတဲ့ အမိန့်အား လိုက်နာရန် ပျက်ကွက်မှု ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အရေးယူ ဆောင်ရွက်နိုင်ဖို့ ဥတ္တရသီရိမြို့နယ် တရားရုံးကို ဦးတိုက်တရားစွဲ တင်ပို့ထားတယ်လို့ သိရပါတယ်။

KTV ကို ၁ နာရီ ကျပ် ၉၀၀၀ နှုန်းနဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး TV၊ Karoke System Remote၊ Microphone၊ ဆောင်းဘောက်၊ အသံမြှင့်စက်၊ ကွန်ပျူတာပုံး၊ F 3000 အသံချဲ့စက်တွေနဲ့ ဘီယာ အရက်တွေကို သက်သေခံပစ္စည်းအနေနဲ့ ဖမ်းမိခဲ့ပါတယ်။

ဒါ့အပြင် KTV ကာရာအိုကေမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီး ၇ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်ထားပြီး အနှိပ်သမအဖြစ် လုပ်ကိုင်နေတဲ့ အမျိုးသမီး ၈ ဦးကိုလည်း ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ပဲ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဟိုတယ် ကြီးကြပ်ရေးမှူးကိုတော့ လိုင်စင်မဲ့ယစ်မျိုး ရောင်းချမှုကို မမစ(ဘုရားကုန်း) (ပ)၃၁၉/၂၀၁၇ ယစ်မျိုး အက်ဥပဒေပုဒ်မ ၃၀(ခ) နဲ့ အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013