DVB Logo
Home
မြန်မာသတင်း
ချင်းတွင်း မြစ်ရေမြင့်တက်၊ မြို့အချို့ စိုးရိမ်ရေအမှတ် ကျော်လွန်
DVB
·
July 4, 2017
ချင်းတွင်း မြစ်ရေမြင့်တက်၊ မြို့အချို့ စိုးရိမ်ရေအမှတ် ကျော်လွန်
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေမှာ မိုးအဆက်မပြတ် ရွာသွန်းနေလို့ မြစ်ရေ တဖြည်းဖြည်း မြင့်တက်နေပြီး မြို့အချို့ရဲ့ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပါတယ်။

ဇူလိုင် ၄ ရက်မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်တွေအရ ချင်းတွင်းမြစ်ရေက ခန္တီးမြို့ရဲ့ စိုးရိမ်ရေအမှတ်အောက် ၁ ပေခန့်၊ ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ၁ ပေခန့်၊ ဖောင်းပြင်မြို့ရဲ့ စိုးရိမ်ရေအမှတ်အောက် ၅ လက်မခန့်၊ မော်လိုက်မြို့ရဲ့ စိုးရိမ်ရေအမှတ်အောက် ၁ ပေခွဲခန့်၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့၊ မုံရွာမြို့တွေရဲ့ စိုးရိမ်ရေအမှတ်အောက် ၃ ပေခန့်စီသို့ ရောက်ရှိနေတယ်လို့ စစ်ကိုင်းတိုင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။

နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း ချင်းတွင်းမြစ်ရေကြီးခြင်း သတိပေးကြေညာချက်တွေ ထုတ်ပြန်ထားပြီး နောက် ၂ ရက်အတွင်း ချင်းတွင်းမြစ်အောက်ပိုင်းရှိ မြို့အသီးသီးတို့ရဲ့ စိုးရိမ်ရေအမှတ်ကို ရောက်ရှိလာနိုင်တဲ့အတွက် မြစ်ကမ်းဘေးနေ ပြည်သူတွေအနေနဲ့ အထူးသတိထား နေထိုင်ကြဖို့ သတိပေးထားပါတယ်။

မိုးရွာသွန်းမှုအနေနဲ့ ဟုမ္မလင်းမြို့မှာ ၁ ဒသမ ၃၀ လက်မ၊ ဖောင်းပြင်မြို့မှာ ၁ ဒသမ ၃၈ လက်မ၊ ကလေးဝမြို့မှာ ၁ ဒသမ ၂၆ လက်မစီ ရွာသွန်းခဲ့ပါတယ်။ ချင်းတွင်းမြစ်အတွင်း ဟုမ္မလင်းမြို့မှာ စိုးရိမ်ရေအမှတ် ကျော်လွန်နေပြီး တခြားမြို့တွေမှာလည်း စိုးရိမ်ရေအမှတ် နီးကပ်လာပေမယ့် ချင်းတွင်းမြစ်အတွင်း ရေယာဉ်တွေကတော့ ပြေးဆွဲနေဆဲရှိပြီး မော်တော်ပိုင်တွေကို ခေါ်ယူညှိနှိုင်းတာ၊ ဆွေးနွေးတာတွေ၊ ကြေညာချက် ထုတ်ပြန်တာတွေတော့ မရှိသေးဘူး။

ဒါပေမယ့် ထွက်ခွာတဲ့ မော်တော်တိုင်းကိုတော့ ချောင်းဝင်ချောင်းထွက်တွေ၊ ဝဲကတော့ နေရာတွေ၊ ညနေခင်း လေကျချိန်တွေမှာ သတိထား သွားလာကြဖို့တော့ ပြောနေတယ်။ ရေတက်လာတဲ့ အခြေအနေပေါ် မူတည်ပြီး ဒီ ၁ ရက်၊ ၂ ရက်အတွင်း မိုးဇလ၊ ရေမြစ်ဖြိုး၊ ရစက၊ ရညနနှင့် မော်တော်အသင်းတွေခေါ်ပြီး အစည်းအဝေး လုပ်ဖို့တော့ရှိတယ်လို့ မုံရွာမြို့နယ် ပုဂ္ဂလိက ရေယာဉ်တွေ စနစ်တကျ ပြေးဆွဲရေးကော်မတီ(ရစက) တာဝန်ရှိသူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013