DVB Logo
Home
မြန်မာသတင်း
မောတောင်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာအလုပ်သမားတချို့ နေရပ်ပြန်ရန် အခက်အခဲရှိ
DVB
·
July 4, 2017
Donate to DVB

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်ကတဆင့် ထိုင်းနိုင်ငံကနေ နေရပ်ပြန် မြန်မာအလုပ်သမား ဦးရေ ၁၀၀၀ ကျော် ရောက်ရှိနေပြီး နေရပ်ပြန်ဖို့ အခက်အခဲ ရှိသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မြန်မာ-မောတောင် နယ်စပ်ဂိတ်နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ ဒန်းစင်ခွန်းဂိတ်ကတဆင့် ဇွန်လ ၃၀ ရက်ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ ထိုင်းနိုင်ငံမှ ပြည်တော်ပြန် မြန်မာ အလုပ်သမားတွေ နေ့စဉ် လူဦးရေ ရာနဲ့ချီ ဝင်ရောက်နေတယ်လို့ ရွှေ့ပြောင်း အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူ ဦးမျိုးသန့်က ပြောပါတယ်။

“ကျနော်တို့က ဇွန်လ ၃၀ ရက်ကနေပြီး ဂိတ်ဝမှာ သွားရောက်ပြီး ကြိုဆိုရေးတွေ သွားလုပ်ပါတယ်။ ထိုင်းနိုင်ငံဘက်ကနေ ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေကတော့ တနေ့ကို လူဦးရေ ၂၀၀ မှ ၂၅၀ အကြား တက်လာတာ တွေ့ရပါတယ်၊ အများစုကတော့ ပွဲစားနဲ့ တဆင့်ခံ ရောက်လာတဲ့သူတွေ များပါတယ်။”

ထိုင်းနိုင်ငံ၊ ဒန်ဒစင်ခွန်းမှ ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေကို မောတောင် နယ်စပ်ဂိတ်မှာ ကူညီကယ်ဆယ်ရေးစခန်း ယာယီဖွင့်လှစ် လက်ခံပေးနေပြီး လက်ရှိအချိန်အထိ နေရပ်ပြန်ဖို့ ငွေကြေး အခက်အခဲ ရှိသူ ၁၀ ဦးကျော်ကို ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ နေရပ်ပြန်ဖို့ ခက်ခဲသူတွေဟာ ထိုင်းရဲက ဖမ်းဆီးပြီး ဒန်ဒစင်ခွန်းဂိတ်ကတဆင့် မောတောင် နယ်စပ်ဂိတ်သို့ လာရောက် ပို့ဆောင်ထားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - ဇော်ဇော်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013