DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းတွင် ဖောက်ထွင်းလက်နက်များဖြင့် လူ ၃ ယောက် ဖမ်းမိ
DVB
·
July 4, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် အမှတ် (၁) သဲတောရပ်၊ သဲတော-ဝမ်းတွင်း ကားလမ်းဘေးမှာ ဇူလိုင် ၂ ရက်မနက် ၃ နာရီက မိတ္ထီလာမြို့လာတဲ့ လူ ၃ ယောက်ကို ဓား၊ သံတရွင်းပါ လက်နက် ၁၀ မျိုးနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ဒုရဲအုပ် ဇေယျာမိုးမြင့်က “ရှင်မြို့ရွာနေ ကောင်းဖိုးစံ(ခ)အာကာထွေး(ခ)အငယ်လေး၊ ချမ်းအေးရပ်နေ ရန်နောင်စိုး(ခ)အလီ၊ နေဆန်းမျိုး(ခ)ဆွာဒစ်(ခ)ငထိုင်း တို့ ၃ ဦးကို ညအချိန်မတော် တွေ့လို့ မေးတော့ ကောင်းကောင်းမဖြေနိုင်ဘူး။ ဒါနဲ့ပဲ ရှာလိုက်တော့ ဆိုင်ကယ်ထဲ ဝှက်သိမ်းထားတဲ့ လက်နက်တွေ တွေ့တယ်။ မိတ္ထီလာဘက်က လာတယ်။ ဆက်စပ်မှု စစ်ဆေးနေဆဲပါ”လို့ ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက “ခုမှ မြင်ဖူးတာပဲ။ လက်နက်အဆန်း တွေ့တယ်။ 8.10.12. နပ်တွေ လှည့်နိုင်တဲ့ သုံးဖက်စပါနာကို 10 နေရာမှာ ကော်လို့ ထိုးလို့ ရအောင် ပြားထားတယ်။  8 ခွနဲ့ လှည့်နိုင်တဲ့ L ပုံကီးချောင်းကိုလည်း တဖက်က ပြားထားတယ်။ ကျန်တာတွေက ဓား၊ လေးခွ၊ သံတရွင်း၊ အရိုးရှည် ကျောက်လှည့်တွေပါ”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက ညအချိန်မတော် ရာဇဝတ်မှု ဖြစ်နိုင်ခြင်း၊ ဖောက်ထွင်းလက်နက် ဆောင်ထားခြင်း၊ လက်ဝယ်တွေ့ရှိခြင်း ရဲအက်ဥပဒေ ၃၅(က)(ဃ)(င) တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013