DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၆၀ ခန့်ထိရှိလာ
DVB
·
July 4, 2017
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံတွေမှာ အခုနှစ် မိုးရာသီကာလအတွင်း တက်ရောက်ကုသမှုခံယူနေတဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ  ၅၉ ဦး ရှိနေတယ်လို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အသက် ၅ နှစ်အရွယ်မှ အသက် ၁၅ နှစ်အရွယ်အတွင်း လူငယ်တွေမှာ သွေးလွန်တုပ်ကွေးရာဂါ အဖြစ်များနေပြီး သေဆုံးသူတဦးမှ မရှိသေးဘူးလို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးအဆင့်-၁ ဦးမင်းတင်ဇော်ဦးက ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့တဲ့ နေအိမ်နဲ့ အနီးအနားပတ်ဝန်းကျင်တွေမှာ ခြင်ဆေးမှုတ်တာ၊ ပိုးလောက်လန်းသေဆေး ခပ်တာ စတဲ့ ရောဂါနှိမ်နင်းရေး၊ ကာကွယ်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်နေသလို အခြားစေတနာ့ဝန်ထမ်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး  ဖုံး သွန် လဲ စစ် လုပ်ငန်း၊ ခြင်ဆေးမှုတ်တဲ့ လုပ်ငန်းတွေကိုပါ လူနေအိမ်နဲ့ စာသင်ကျောင်းတွေမှာ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရေးမြို့နယ်ထဲမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံးနှစ်ကတော့ ၂၀၁၅ ခုနှစ်ဖြစ်ပြီး  လူပေါင်း ၇၀၀ နီးပါးအထိ ရောဂါဖြစ်ပွားခဲ့ကာ  သေဆုံးသူမရှိခဲ့ဖူးလို့ ရေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း - နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013