DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇွန်လအတွင်း တရားမဝင်သစ် တန် ၅၀၀ ကျော်ဖမ်းမိ
DVB
·
July 3, 2017
စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇွန်လအတွင်း တရားမဝင်သစ် တန် ၅၀၀ ကျော်ဖမ်းမိ
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း တရားမဝင်သစ် ၅၃၉ တန်ကျော်ဖမ်းမိပြီး တရားခံ ၇၉ ယောက် အရေးယူနိုင်ခဲ့တယ်လို့ တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ကျွန်း၊ ပိတောက်၊ တမလန်းစတဲ့ သစ်တွေအပြင် ကား ၄၂ စီး၊ သုံးဘီး ၂၃ စီး၊ ထော်လာဂျီ ၅ စီး၊ ရေယာဉ် ၄ စီး ၊ နဲ့ ထွန်စက် ၄ စီးတို့ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးမိမှုတွေရဲ့ ၆၈ ရာခိုင်နှုန်းဟာ ပြည်သူတွေရဲ့သတင်းပေးတာကြောင့် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013