DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ဆွဲကြိုးချသေဆုံးသည့် မြန်မာအလုပ်သမားဇနီးမောင်နှံ တွေ့ရှိ (ရုပ်သံ)
DVB
·
July 3, 2017
Donate to DVB


 

ထိုင်းနိုင်ငံအလယ်ပိုင်း ဖစ်ချပူရီခရိုင် ခေါင်ယွဲ့မြို့နယ်ထဲမှာ မနေ့ ညနေပိုင်းက သစ်ပင်တစ်ပင်အောက် ဆွဲကြိုးချသေဆုံးနေတဲ့ မြန်မာအလုပ်သမားဇနီးမောင်နှံ ၂ ဦးကို  တွေ့ရှိခဲ့တယ်လို့ ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ  ဖော်ပြပါတယ်။

ဇူလိုင်လ ၂ ရက် ညနေ ၄ နာရီကျော်လောက်က ခေါင်ယွဲ့မြို့ နောင်မုန့်ရပ်ကွက် အဝင်လမ်း လယ်ကွင်းထဲက သစ်ပင်တပင်အောက်မှာ ဆွဲကြိုးချသေဆုံးသူ ၂ ဦးတွေ့ရှိကြောင်း ရွာသားတွေရဲ့ တိုင်ကြားချက်အရ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးရာ အမျိုးသမီးဖြစ်သူမှာ အောက်ပိုင်းဗလာနဲ့ အနီးနားမှာ ကျွတ်ကျနေတဲ့ ထဘီတထည်ပါ တွေ့ရှိရကြောင်း၊ မသေဆုံးခင် ရုန်းရင်းဆန်ခတ် ခိုက်ရန်ဖြစ်ပွားခဲ့ပုံတော့မရှိဘဲ  လွန်ခဲ့တဲ့ တနာရီလောက်ကမှ သေဆုံးခဲ့တာလို့  ခေါင်ယွဲ့ရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူတွေမှာ  မောင်သော်ဇင်ဖြိုးနဲ့  မဝေနှင်းဖြူ ဆိုသူ မြန်မာအလုပ်သမားဇနီးမောင်နှံဖြစ်ပြီး လွန်ခဲ့တဲ့ တလကျော်လောက်ကမှ အဲဒီရပ်ကွက်ထဲ လာရောက်ငှားရမ်းနေထိုင်ကာ စက်ရုံတရုံမှာ အတူတူအလုပ်လုပ်နေတာလို့  အိမ်ခန်းပိုင်ရှင်က ရဲတွေကို ပြောပါတယ်။

အဆိုပါ ဇနီးမောင်နှံမှာ အသောက်အစားကင်းပြီး ၂ ဦးလုံး ပျော်ပျော်ရွှင်ရွင် နေတတ်သူ ဖြစ်ကြောင်း၊ သူတို့လည်ပင်းက ကြိုးကတော့ အိမ်နောက်ဖေးက အဝတ်လှမ်းတဲ့ ကြိုးဖြစ်ပြီး အခုလို သေဆုံးရတဲ့အပေါ် မစဉ်းစားတတ်အောင်ပဲလို့ အိမ်ခန်းပိုင်ရှင်က ဆက်ပြောပါတယ်။

လောလောဆယ် သူတို့အလောင်းကို ဖစ်ခ်ျပူရီဆေးရုံကို ပို့ဆောင်ထားပြီး ဖြစ်ရပ်မှန် သိရှိရေးအတွက် အနီးနားပတ်ဝန်းကျင်တဝိုက်က မျက်မြင်သက်သေတွေ ခေါ်ယူစစ်ဆေးနေတယ်လို့ တာဝန်ကျရဲအရာရှိက ပြောသွားပါတယ်။

အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ အေအေစီမဟာမိတ်အဖွဲ့မှ ကိုရဲမင်းကတော့ သူတို့ ၂ ဦးသေဆုံးမှုပေါ် သံသယဖြစ်မိကြောင်း၊ သူတို့အဖွဲ့အနေနဲ့လည်း အလောင်းထုတ်ဖို့ ကိစ္စနဲ့  ဖြစ်ရပ်မှန်သိရှိနိုင်ရေး ကြိုးစားသွားမယ်လို့ ဒီဗွီဘီကို ပြောသွားပါတယ်။

“ဖြစ်တာကလည်း နေ့ခင်းကြီးမှာ၊ သစ်ပင်ပေါ်မှာ ဆွဲကြိုးချသေမယ့် အနေအထားက လုပ်ဖို့ ခက်ခဲတဲ့ အနေအထားလည်း ရှိတယ်၊ ဆွဲကြိုးချသေတဲ့သူရဲ့ လက္ခဏာက လျှာထွက်မယ်၊  လည်စိရိုးကျိုးမယ် စသည်ဖြင့်ပေါ့နော်။ တချို့ဆို မစင်တွေ ထွက်မယ်၊ သေးတွေ ထွက်မယ်။ ဒါမျိုးပေါ့နော်၊ မျက်လုံးတွေ ပြူးမယ်ပေါ့။ ဒါပေမယ့် အခုဟာက အဲဒီလိုလက္ခဏာတွေ မတွေ့ရဘူး။ ပိုင်ဆိုင်မှုကလည်း သူတို့မှာ ရောက်တာမကြာသေးတော့ ဘာမှမရှိဘူး၊ အမ်အိုယူ အလုပ်သမားတွေပါ။ ဒီကိုလာဖို့ သူများဆီက ငွေချေးလာတယ်လို့တော့ ပြောတယ်၊ ဒါပေမယ့် အဲဒါလည်း ပြဿနာမရှိဘူးလို့ ပြောတယ်၊ ကျနော်တို့အဖွဲ့က သူတို့အလောင်းထုတ်ပြီး သင်္ဂြိုဟ်ပေးဖို့နဲ့ ဖြစ်စဉ်အနေအထား၊ ဘာကြောင့်ဖြစ်ရလဲ ဆိုတာမျိုးတွေပေါ့နော်၊ အဲဒါတွေကို ကြိုးစားပြီးတော့ တတ်နိုင်သလောက်တော့ လိုက်ကြည့်ချင်တာပေါ့နော်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013