DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 3, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

နွေသီးထပ်ဆန်
ဝါးတန်းကုန်စည်ဒိုင်မှာတော့ နွေသီးထပ်ဆန်က ၁ အိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးနှုန်းကတော့ ၁ အိတ်ကို ငွေကျပ် ၁၈,၅၀၀ ကနေ ၁၉,၅၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။

မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ၁၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးနှုန်းကတော့ ၁ တန်ကို ငွေကျပ် ၈၅၂,၀၀၀ ပေါက်ဈေးရှိနေပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကတော့ ၁ တန်ကို ငွေကျပ် ၆၁၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၄,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

အာလူး
အာလူးက ဒီနေ့မှာ ၁ ပိဿာကို ၆၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၂၀၀ ကျပ်ကနေ ငွေကျပ် ၄၇၀ ပေါက်ဈေးရှိနေပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁,၈၅၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။

ပြောင်းဆံ
ပြောင်းဆံက ဒီနေ့မှာ ၁ ပိဿာကို ၅၀၀ ကျပ်ကနေ ငွေကျပ် ၅၃၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀ ကျပ် ဈေးတက်လာပါတယ်။

နှမ်းဖြူ
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းဖြူက ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ဈေးကတော့ ၁ အိတ်ကို ငွေကျပ် ၁၀၄,၀၀၀ ရှိပါတယ်။

မြေပဲလုံးဆံဖြူ
မုံရွာ ကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံဖြူက ၁ ပိဿာကို ၂၅ ကျပ် ဈေးတက်လာပြီး ဒီနေ့ဈေးကတော့ ငေကျပ် ၂,၂၂၅ ကျပ်ကနေ ၂,၃၂၅ ပေါက်ဈေးရှိနေပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013