DVB Logo
Home
မြန်မာသတင်း
သာသနာတော်သန့်ရှင်းရေး ထိရောက်စွာအရေးယူပေးရန် မဟနအဖွဲ့ထံ သူရဦးအောင်ကို လျှောက်ထား
DVB
·
July 3, 2017
Donate to DVB

သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အဓမ္မဝါဒတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ  သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက လျှောက်ထားလိုက်ပါတယ်။

မနေ့က စတင်ကျင်းပနေတဲ့ သံဃမဟာနယက ၄၇ ပါးစုံ အစည်းအဝေးမှာ လျှောက်ထားလိုက်တာဖြစ်ပြီး စာပေလွတ်လပ်ခွင့်ကို အခွင့်ကောင်းယူပြီး ဗုဒ္ဓဒေသနာတော်တွေကို ထိပါးရေးသား ဟောပြောနေတာတွေနဲ့ ဝါဒသစ် ထူထောင်တာတွေ ရှိနေတယ်လို့လည်း ဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

“ပွင့်လင်းမြင်သာသည့် ယနေ့ခေတ်အခါတွင် စာပေလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ဟောပြောခွင့်များကို အခွင့်ကောင်းယူကာ အချို့ပုဂ္ဂိုလ်များက ဗုဒ္ဓဒေသနာတော်များကို ထိပါးရေးသား ဟောပြောလာကြသည်ကို တွေ့မြင်နေရပါကြောင်း၊ ထို့အပြင် အဓမ္မဝါဒဟု ဆုံးဖြတ်ပြီးသောဝါဒများကို ပြန်လည်အသက်သွင်းကာ ရေးသားခြင်း၊ ဟောပြောခြင်း၊ ဝါဒဖြန့်ခြင်း၊ စာအုပ်စာတမ်းများကို မိတ္တူပွား၍ ဖြန့်ချိခြင်း၊ အချို့က ဗုဒ္ဓဘာသာဟူသော အသုံးအနှုန်းကိုယူ၍ ဝါဒသစ် ထူထောင်ခြင်းများပြုလုပ်ခြင်းဖြင့် အဓမ္မဝါဒများ ပြန်လည် ခေါင်းထောင်လာကြပါကြောင်း၊ သာသနာတော်မြတ်ကြီး၏ ပြင်ပရန်သူထက် အတွင်းမှ လှိုက်စားနေသော ရန်သူများ၏ အန္တရာယ်ကိုလည်း သတိပြုကာ သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက် အဓမ္မဝါဒများကို တစိုက်မတ်မတ်စောင့်ကြည့်ပြီး ဆရာ၊ ဒကာ ပူးပေါင်း၍ ဓမ္မစက်၊ အာဏာစက် ယှဉ်တွဲလျက် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိကြောင်း။”

ဒါ့အပြင် ပုဂ္ဂိုလ်အဖွဲ့အစည်းတချို့ဟာ သံဃာ့အဖွဲ့အစည်း ပြိုကွဲပျက်စီးအောင် ဝေဖန် တိုက်ခိုက်မှုတွေရှိနေတယ်လို့လည်း သာသနာရေးဝန်ကြီးက ပြောပါတယ်။

“နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးနှင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့အား ပြိုကွဲပျက်စီးစေရန်နှင့် ဘာသာ သာသနာ၏ ဂုဏ်ကျက်သရေကို ညှိုးနွမ်းယုတ်လျော့စေရန် နည်းအမျိုးမျိုးဖြင့် ဝေဖန်ရေးသားမှုများ တွေ့ရှိလာရာ အဆိုပါဝေဖန်ရေးသားမှုများကို နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၊ ပြည်ပရေးရာအဖွဲ့အနေဖြင့် စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာပြီး လိုအပ်ချက်အပေါ်မူတည်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ သြဝါဒနှင့်အညီ ကြိုတင် ကာကွယ်မှုများ၊ ပြန်လည်ဖြေရှင်းမှုများကိုလည်း စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် တပည့်တော်တို့ ဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံး ပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်။”

သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ရဟန်းတော်တွေ အားလုံးညီညွတ်ကြဖို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော်  ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက မိန့်ကြားသွားပါတယ်။

“ရဟန်းတော်အားလုံး စိတ်ဝမ်းမကွဲ တသားတည်း ညီညွတ်နေရင် တပည့်တော်တို့ တသာသနာလုံး ဘေးရန်ကင်းကွာ ချမ်းသာနေမှာ ဖြစ်ပါသည်။ သန့်ရှင်း တည်တံ့ပြန့်ပွားနေမှာ ဖြစ်ပါသည်။ နိုင်ငံသူ နိုင်ငံသားတို့ တစိတ်တဝမ်းတည်း ညီညွတ်စည်းလုံးနေကြပါလျှင် တနိုင်ငံလုံး ဘေးရန်ကင်းကွာ ချမ်းသာနေမှာ ဖြစ်ပါတယ်”

သတ္တမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စုဒ္ဒသမအစည်းအဝေးကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာ ဓမ္မသဘင်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ- Mine Kine Sayadaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013