DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ဒီဗွီဘီသတင်းထောက်ကို ထောင်ဝင်စာ ပထမဆုံးအကြိမ် တွေ့ခွင့်ရ
DVB
·
July 3, 2017
ဖမ်းဆီးခံ ဒီဗွီဘီသတင်းထောက်ကို ထောင်ဝင်စာ ပထမဆုံးအကြိမ် တွေ့ခွင့်ရ
Donate to DVB

သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒီဗွီဘီ အကြီးတန်း သတင်းထောက် ဦးအေးနိုင်ကို မိသားစုဝင်တွေက ဒီကနေ့ မနက်က ထောင်ဝင်စာ ပထမဆုံးအကြိမ် တွေ့ခွင့်ရခဲ့ပါတယ်။

ထောင်ဝင်စာ သွားတွေ့ခွင့်ရခဲ့တဲ့ မိသားစုဝင်တဦးက “ဒီနေ့ မနက် ၁၀ နာရီလောက်က တွေ့ခွင့်ရတယ်။ နာရီဝက်လောက် တွေ့ရပါတယ်။ မိသားစုဝင် နှစ်ယောက်ပဲ တွေ့ခွင့်ပေးတာပါ။ သူတို့တွေ ကျန်းမာရေးကောင်းပါတယ်။ အဓိက လိုတာကတော့ ကိုအေးနိုင်က ဒီက အစားအသောက်ကို စားနိုင်ပေမယ့် ငယ်တဲ့သူတွေက မစားနိုင်လို့ အစားအသောက်ပေးဖို့ပဲ ပြောတယ်။ ပါသွားတာတွေအပြင် ဈေးထဲက ထပ်ဝယ်ပြီး ပေးခဲ့တယ်” လို့ ပြောပါတယ်။

သူတို့ကို ရုံးမထုတ်ရသေးတာကြောင့် မိသားစုဝင်တွေအနေနဲ့ တပတ်မှာ ၁ ကြိမ်၊  တလမှာ ၄ ကြိမ် တွေ့ခွင့်ရမယ်လို့လည်း သူက ဆက်ပြောပါတယ်။

တီအန်အယ်အေမှာ သတင်းသွားယူပြီးပြန်လာတဲ့ ဒီဗွီဘီသတင်းထောက် ၂ ဦးနဲ့ ဧရာဝတီ သတင်းထောက် ၁ ဦးတို့ကို  ဇွန် ၂၆ ရက်မှာ တပ်မတော်စစ်ကြောင်းက  ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နမ့်ဆန်-သီပေါ ကားလမ်း၊ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအနီးမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၂၈ ရက်နေ့မှာတော့ စစ်တပ်က သီပေါရဲစခန်းကိုလွှဲပြောင်းပေးခဲ့ပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)နဲ့ ရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013