DVB Logo
Home
မြန်မာသတင်း
နာဂဒေသတွင် တုပ်ကွေးကြောင့် ၄ ဦးသေဆုံး၊ လူရာချီ ဆေးကုသမှုခံယူနေရ
DVB
·
July 3, 2017
နာဂဒေသတွင် တုပ်ကွေးကြောင့် ၄ ဦးသေဆုံး၊ လူရာချီ ဆေးကုသမှုခံယူနေရ
1 / 4
Donate to DVB

 

နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ တံခါးကျေးရွာအုပ်စုနှင့် လဟယ်မြို့နယ် လန်းနောက်ကျေးရွာ အုပ်စုတို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နောက်ပိုင်းကစပြီး တုပ်ကွေးရောဂါဖြစ်ပွားတဲ့အတွက် လူ ၄ ယောက်သေဆုံးခဲ့ပြီး လူရာနဲ့ချီဆေးကုသမှု ခံယူနေရပါတယ်။

တုပ်ကွေးဖြစ်ပွားမှုကြောင့် ခန္တီးခရိုင် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက တာဝန်ရှိသူတွေ၊ တပ်မတော်ဆေးကုသရေးအဖွဲ့တွေက သွားရောက်ကုသမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ အများစုက ကလေးငယ်တွေဖြစ်ပြီး ကျောင်းပိတ်ရတဲ့အနေအထားတွေပါ ရှိခဲ့ပါတယ်။

နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့မှ ဦးကေဆိုင်းက "အခုကတော့ နိုင်နင်းသွားပါပြီ။ ဆရာဝန်အခက်အခဲရှိတယ်။ တာဝန်ကျဆရာဝန်တွေကလည်း အပြောင်းအရွှေ့ကြောင့် ပြန်ကုန် ပြီ။ အစားထိုးဆရာဝန်ကလည်း ရောက်မလာသေးဘူး။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတာလို တုပ်ကွေးနဲ့ပတ်သက်တဲ့ ကြိုတင်ကာကွယ်မှုတွေတော့ လုပ်ဆောင်တာ မရှိခဲ့ဘူး။ ဆေးဝါးကတော့ လုံလောက်မှုရှိပေမယ့် ကျန်းမာရေးဝန်ထမ်းကတော့ နည်းနေသေး တယ်။ သေဆုံးသွားတဲ့ ၄ ယောက်အတွက် နာဂဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့က ၁ ယောက်ကို ၁ သိန်းကျပ်နှုန်းနဲ့ ထောက်ပံ့ပေးခဲ့ပါတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။

နာဂဒေသက တောင်တန်းဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် သွားလာရေး အတွက် လွယ်ကူမှုမရှိပါဘူး။

လဟယ်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကယ်က "ကျနော်တို့ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့နယ်ခွဲ၊ လန်းနောက် ကျေးရွာအုပ်စုဖက်မှာတော့ ဆေးကုရတာ ၁၂၀လောက်ရှိတယ်။ သေတာတော့မရှိဘူး။ အများစုက ကလေးတွေဖြစ်ကြတာ။ ကျောင်းတောင်ပိတ်ထားခဲ့ရတယ်။ ဒီလိုတွေမဖြစ်ဖို့ ကျန်းမာရေးဌာနတွေကို ရွာတိုင်းမှာ ဖွင့်ပေးဖို့လိုတယ်။ ခုထိကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝမရသေးဘူး။ လမ်းပန်း ဆက်သွယ်ရေးကြောင့် တရွာနဲ့တရွာတောင် သွားဖို့မလွယ်ဘူး။ ခဏခဏတင်ပြပေမယ့် ခုထိတော့ အဆင်မပြေသေးဘူး။ မြေပြန့်လို သွားလာရမလွယ်ကူလို့ ရွာတိုင်းမှာ ကျန်းမာရေးဌာနဖွင့်ဖို့လိုတယ်။ ဒါမှ ဖြစ်လာရင် အချိန်မှီ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မှာ"လို့ ဒီဗွီဘီကိုပြောပါတယ်။

နာဂဒေသမှာ မြို့နယ် ၃ မြို့နယ်၊ မြို့နယ်ခွဲ ၅ မြို့နဲ့ ကျေးရွာ ၃၀၀ လောက်ရှိပါတယ်။ နာဂဒေသအတွက် အစိုးရက အထူးအလေးပေးဆောင်ရွက်ပေးနေတယ်ဆိုပေမယ့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေကတော့ လိုအပ်နေဆဲဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013