
မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဒေါက်တာ သောင်းထွန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ ၃ ရက်ကြာ ခရီးရောက်ရှိနေပါတယ်။
ဒေါက်တာသောင်းထွန်းဟာ ဒီကနေ့မနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီနဲ့ နိုင်ငံတောဧည့်ဂေဟာမှာ တွေ့ဆုံဖို့ရှိပြီး လုံခြုံရေးနဲ့ ရိုဟင်ဂျာပဋိပက္ခ အရေးကိစ္စတွေအပါအ၀င် ကိစ္စရပ်အတော်များများကို ဆွေးနွေးဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန တာဝန်ရှိသူရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒါကာထရီဗြွန်း သတင်းစာမှာဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိလာတဲ့ ဘင်္ဂလီတွေကို မြန်မာနိုင်ငံဘက်ကို ပြန်ပို့ဖို့ကိစ္စ ဘင်္ဂလားဒေ့ရှ်အစိုးရက့ မ အဆိုပြုပြောကြားဖို့ ရှိနေတယ်လို့လည်းဆိုပါတယ်။
မြန်မာအကြံပေးအရာရှိဟာ ခရီးစဉ်အတွင်း ၀န်ကြီးချုပ် ရှိတ်ဟာဆီးနား၊ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန် ခန်းခါမယ်နဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။
ဇွန်လ ၃၀ရက်နေ့က ရခိုင်ပြည်နယ်အရေးကိစ္စဆိုင်ရာ အထူးအစည်းအဝေးတစ်ရပ်ကို နိုင်ငံတော် သမ္မတအိမ်တော်မှာ ကျင်းပပြီးနောက် လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ခုလို အိမ်နီးချင်းနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။











