DVB Logo
Home
မြန်မာသတင်း
နေရပ်ပြန်အလုပ်သမားများ ကော့သောင်းနယ်စပ်ဂိတ်သို့ ဒုတိယအသုတ် ရောက်ရှိ
DVB
·
July 3, 2017
Donate to DVB

ထိုင်းနိုင်ငံကနေ နေရပ်ပြန်လာကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းက ကော့သောင်းမြို့ကို ဒုတိယအသုတ်အနေနဲ့ အယောက် ၁၅၀ ရောက်ရှိလာပါတယ်။

ဒီလိုရောက်ရှိလာတဲ့သူတွေကို ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးနဲ့ တာဝန်ရှိသူတွေ၊ ကော့သောင်း အန်အယ်လ်ဒီပါတီမှ တာဝန်ရှိသူတွေနဲ့ ကမ်းနီးအဖြူရောင် ပရဟိတအဖွဲ့တွေက ကြိုဆိုခဲ့ကြပါတယ်။

ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ DISAC၊ RGS၊ MNP၊ FED အဖွဲ့မှ ကိုယ်စားလှယ်တွေက လာရောက်ပို့ဆောင်ပေးခဲ့ကာ နာမကျန်းဖြစ်နေသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြပါတယ်။

“ကျနော်တို့အဖွဲ့ကတော့ ရောက်လာတဲ့သူတွေရဲ့ အခက်အခဲကို တတ်နိုင်သမျှ ကူညီပေးတာပါ။ နေရပ်ပြန်ဖို့အတွက် စီစဉ်ပေးတဲ့နေရာမှာ ကားခ ဈေးနှုန်းတွေကို သတ်မှတ်နှုန်းထားရဲ့ တဝက်နှုန်းနဲ့ ကောက်ခံပေးပြီး မိမိနေရပ်ကို ချောမွေ့စွာ ပြန်နိုင်ဖို့ စီစဉ်ပေးထားပါတယ်”လို့ ကမ်းနီးပရဟိတအဖွဲ့မှ ကိုမိုးတိမ်က ပြောပါတယ်။

နေရပ်ပြန်ဖို့ တတိယအသုတ်အနေနဲ့ အယောက် ၂၀၀ လောက် ကျန်နေသေးတယ်လို့လည်း သိရပါတယ်။

“ကျမတို့က ပွဲစားနဲ့သွားတာဖြစ်လို့ ဘာအထောက်အထားမှ မရှိပါဘူး။ ဖူးခက်က စားသောက်ဆိုင်မှာ လုပ်တာ။ ပြီးခဲ့တဲ့ တလကတည်းက ထိုင်းရဲတွေက ခဏ ခဏ လာဖမ်းနေတော့ ပြေးနေရင်းနဲ့ ကောင်းကောင်းအလုပ်မလုပ်ရဘူး။ ဒီရက်ပိုင်းအတွင်းမှာမှ အဖမ်းအဆီး ကြမ်းလာတော့ ဘယ်လိုမှ နေလို့မရတော့လို့ ပြန်ခဲ့တာပါ” လို့ ဖူးခက်က ပြန်လာတဲ့ မစုလှိုင်ဝင်းက ပြောပါတယ်။

သတင်း - လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013