DVB Logo
Home
မြန်မာသတင်း
လမ်းလျှောက်နေသည့်အမျိုးသမီး ၂ ဦးအား ၁၂ ဘီးယာဉ် ဝင်တိုက်၊ ၁ ဦး သေဆုံး
DVB
·
July 2, 2017
လမ်းလျှောက်နေသည့်အမျိုးသမီး ၂ ဦးအား ၁၂ ဘီးယာဉ် ဝင်တိုက်၊ ၁ ဦး သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားရွာကြီးမှာ ဒီနေ့မနက်ပိုင်းက ၁၂ ဘီးယာဉ်က လမ်းလျှောက်သွားနေတဲ့ အမျိုးသမီး ၂ ဦးကို နောက်မှဝင်တိုက်ခဲ့လို့ ၁ ဦး သေဆုံးပြီး ၁ ဦး အခြေနေ စိုးရိမ်ရတယ်လို့ သထုံမြို့မရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ သထုံမြို့နယ်၊ နောင်ကုလားရွာကြီး လမ်းမတန်း၊ လွှတ်တော်လမ်းအနီး၊ မိုင်တိုင်အမှတ် ၁၄၇/၀ နဲ့ ၁၄၇/၁ ကြား ရန်ကုန်ကနေ သထုံကို ယာဉ်မောင်းမြင့်လှိုင် မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်ဟာ နောင်ကုလားရွာလမ်းမတန်းအတိုင်း လမ်းလျှောက်လာတဲ့ ဒေါ်စန်း (၅၇ နှစ်)နဲ့ ဒေါ်လှမွန် (၅၇ နှစ်)တို့ကို အရှိန်မထိန်းနိုင်ဘဲ နောက်ကနေ ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ဒေါ်လှမွန်မှာ ရရှိတဲ့ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ဒေါ်စန်းမှာ ဒဏ်ရာတွေ ရရှိပြီး (အတွင်းလူနာ - စိုးရိမ်ရ) အခြေအနေရှိပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ နှစ်ဦးကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

သထုံမြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက "ဒီအမျိုးသမီးနှစ်ယောက်က အလှူအိမ်ကနေ ပြန်လာတာလို့ပြောတယ်။ ကြက်အစာတွေ တင်လာတဲ့ကားက အနောက်ကနေဝင်တိုက်တာပါ။ ယာဉ်မောင်းကတော့ ထွက်ပြေးနေလို့ အမြန်ဆုံးဖမ်းမိအောင် ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

သထုံမြို့မရဲစခန်းက ယာဉ်မောင်းမြင့်လှိုင်ကို ရာဇသတ်ကြီးပုဒ်မ-၃၀၄ - က/၃၃၈ နဲ့ အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013