DVB Logo
Home
မြန်မာသတင်း
တနိုင်း စစ်ဘေးရှောင်များ ရေရှည်နေထိုင်ရေး အခက်အခဲရှိ
DVB
·
July 2, 2017
တနိုင်း စစ်ဘေးရှောင်များ ရေရှည်နေထိုင်ရေး အခက်အခဲရှိ
1 / 6
Donate to DVB

 

တနိုင်းဒေသ ရွှေနဲ့ ပယင်းမှော်တွေထဲက စစ်ဘေးရှောင်လာကြတဲ့ ဒေသခံတွေဟာ မြို့ပေါ် ခရစ်ယာန် ဘုရားကျောင်းတွေမှာ နေကြရပြီး ရေရှည်အတွက် အဆင်ပြေမှာ မဟုတ်ဘူးလို့ အသင်းတော် တာဝန်ရှိသူတွေက ပြောပါတယ်။

တနိုင်းဒေသက မှော် ၁၀ ခုဟာ တရားမဝင်မှော်တွေဖြစ်တာကြောင့် ဇွန် ၁၅ ရက်နောက်ဆုံး ထားပြီး လူတွေထွက်ခွာဖို့နဲ့ နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုတာကြောင့် ရပ်ဝေးက လာရောက်လုပ်ကိုင်နေ သူတွေရော၊ ဒေသခံတွေပါ ရွှေ့ပြောင်းခဲ့ရတာပါ။

“အခုကတော့ ဘုရားကျောင်းက ဟောခန်းကြီးမှာ နေကြတယ်လေ။ ဒါက ရေရှည်မှာ အဆင်မပြေဘူး။ Shelter ဆောက်ဖို့တော့ သက်ဆိုင်ရာတွေကို ပြောရတော့မယ်။ သူတို့ကတော့ ဒီလို ဆောက်ဖို့ သဘောတူမယ့်ပုံ မရှိဘူး။ လောလောဆယ်တော့ ဘုရားကျောင်းဝန်းထဲမှာ တဲထိုးဖို့     UNHCR ကို ပြောထားတယ်” လို့ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်ရဲ့ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ် ဆမ်ဆွန်က ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ မြို့ပေါ်က ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်၊ ကက်သလစ်အသင်းတော် စတဲ့ ချာ့ခ်ျကျောင်းတွေမှာ ပြောင်းရွှေ့လာသူပေါင်း တစ်ထောင်လောက်နေထိုင်နေကြတာပါ။

“စားဖို့ကတော့ အသင်းတော်တွေကပဲ ကျွေးနေတာပေါ့။ ပရဟိတ အဖွဲ့တွေ၊ ပါတီတွေနဲ့ WFP က ထောက်ပံ့လာတာလည်း ရှိတယ်။ ရေရှည်အတွက်ကတော့ ဒီလို ချက်ကျွေးနေလို့ မရဘူးလေ။ သူတို့ မိသားစုအလိုက်နေနိုင်ဖို့ နေရာချပေးဖို့ လိုနေပြီ”လို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ကူညီ ကယ်ဆယ်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဆရာနော်တောင်က ပြောပါတယ်။

တနိုင်းဒေသ ရွှေနဲ့ ပယင်းမှော်တွေက လူတွေထွက်ခွာဖို့ တပ်မတော်က ကြေညာပြီးတဲ့ နောက်ပိုင်း ဇွန် ၁၈ ရက်လောက်ကစပြီး အခုအချိန်အထိ မှော်တွေဘက်မှာ ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013