
ဂျပန်နိုင်ငံ တိုကျိုမြို့ နခအီတဘရှီ မြို့နယ်ရှိ ထေရဝါဒပရိယတ္တိကျောင်းတော်ကြီးရဲ့ ၉ ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းနဲ့ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ကျောင်းတော်ကြီးရဲ့အနီး ချိအိခိစင်တာမှာ ဇူလိုင်လ ၂ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။
တိုကျိုမြို့ ထေရဝါဒပရိယတ္တိကျောင်းတော်ကြီး အပါအ၀င် နဂိုယာ၊ ချီးဘား၊ စိုင်တမခရိုင်တွေနဲ့ ရှူးကျွန်းရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာ ၀ါဆိုဝါကပ်မယ့် သာသနာပြု ရောက်ရှိနေတဲ့ မြန်မာသံဃာတော်အရှင်သူမြတ်တို့ကို ရည်စူးပြီး တိုကျိုမြို့နဲ့ အနီးတ၀ိုက်က ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းကပ်လှူကျင်းပခဲ့တာပါ။ စုစုပေါင်း ၁၅၀ နီးပါး လာရောက်ခဲ့ကြပါတယ်။
ကိုယ့်နိုင်ငံမှ ဝေးကွာတဲ့ နေရာမှာ ရောက်ရှိနေပေမယ့် အခုလို မမေ့မလျော့ဘဲ အောင်မြင်အောင် စုပေါင်း ဆောင်ရွက်နိုင်ကြလို့ အားရကျေနပ်မိပါတယ်လို့လည်း စုပေါင်းဝါဆို သင်္ကန်း ကပ်လှူပွဲ လုပ်အားပေးလာသူ လူငယ်တဦးက ဒီဗွီဘီ ကိုပြောကြားခဲ့ ပါတယ်။











