DVB Logo
Home
မြန်မာသတင်း
ယီမင်တွင်ကာလ၀မ်းရောဂါကြောင့် သေဆုံးသူ ၁၅၀၀ ရှိပြီ
DVB
·
July 2, 2017
ယီမင်တွင်ကာလ၀မ်းရောဂါကြောင့် သေဆုံးသူ ၁၅၀၀ ရှိပြီ
Donate to DVB

ယီမင်နိုင်ငံမှာ ကာလဝမ်းရောဂါ ကူးစက်မှုကြောင့် ၂ လအတွင်း သေဆုံးသူ အယောက် ၁၅၀၀ ရှိသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ဇူလိုင် ၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ဧပြီက စတင်တဲ့ ကာလဝမ်းရောဂါကူးစက်မှုဟာ ရုတ်ချည်း မြန်ဆန်လာပြီး အသည်းအသန် အခြေအနေကို ရောက်နေပြီလို့ WHO ရဲ့ ယီမင်ဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ နေဗီယို ဇာဂါရီယာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြို့တော် စာနာမှာ ကျင်းပတဲ့ ဒီသတင်းစာ ရှင်းလင်းပွဲကို ကုလသမဂ္ဂ ကလေးသူငယ် အဖွဲ့ကြီး ယူနီဆက်ဖ်က ပူးတွဲပြုလုပ်ခဲ့တာပါ။

လတ်တလော ကိန်းဂဏန်းတွေအရ ယီမင်နိုင်ငံတွင်း ကာလဝမ်းရောဂါ ကူးစက်မှုနှုန်းက တရက်ကို လူအယောက် ငါးထောင်လောက် အသစ်ကူးစက်နေတာပါ။ ကလေးသူငယ် ကူးစက်မှု အတော်များများ ပါနေတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၇ ကနေ ဇွန် ၃၀ အတွင်း နိုင်ငံတလွှား ကာလဝမ်းရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂ သိန်း လေးသောင်း ၆ ထောင် ရှိပြီး လူအယောက် ၁၅၀၀ သေဆုံးတယ်လို့ ဇာဂါရီယာက ပြောပါတယ်။

၁ မိနစ်တိုင်းမှာ ကလေး အသစ်တယောက် ဝမ်းသွားနေတယ်ဆိုတဲ့ အစီရင်ခံစာ ရှိနေတယ်။ ဒါဟာ ကျနော်တို့ ခင်ဗျားတို့နဲ့ မျှဝေချင်တဲ့ ထိတ်လန့်စရာ အချက်အလက်တခုပဲလို့ ယူနီဆက်ဖ်အဖွဲ့ရဲ့ ယီမင် ကိုယ်စားလှယ် ရှရင်း ဗာကေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013