DVB Logo
Home
မြန်မာသတင်း
တနိုင်းမြို့တွင်း ဆန်တင်သွင်းခွင့် မရသဖြင့် ဆန်ဈေးတက်
DVB
·
July 2, 2017
တနိုင်းမြို့တွင်း ဆန်တင်သွင်းခွင့် မရသဖြင့် ဆန်ဈေးတက်
Donate to DVB

 

ကချင်ပြည်နယ်၊ တနိုင်းမြို့ကို ပြင်ပက ဆန်တင်သွင်းမရဖြစ်နေတာ နှစ်လရှိပြီး ဈေးတွေလည်း တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ဒေသတွေကို ဆန်နဲ့စက်သုံးဆီတွေ မဝင်အောင် တပ်မတော် တပ်ရင်းတွေက ထိန်းချုပ်စစ်ဆေးနေတာဖြစ်ပြီး လအလိုက် သတ်မှတ်ပေးသလောက်ကို တင်သွင်းနေရတာ ဖြစ်ပါတယ်။

“မေလနဲ့ ဇွန်လအတွက် သွင်းခွင့်မရသေးဘူး။ အရင် ၃၅၀၀၀ တန်ဆန်တစ်အိတ်ကို ၄၃၀၀၀ ဖြစ်နေပြီ။ မိတ်မပျက်အောင် ရောင်းနေရတာပဲ ရှိတယ်။ အများကြီးတော့ မရှိဘူး” လို့ တနိုင်းဒေသခံ ဆန်ကုန်သည်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

တနိုင်းမှာ ဆန်တင်သွင်းခွင့်ရသူ အယောက် ၂၀ လောက်ရှိပြီး တစ်ယောက်ကို အိတ် ၁၀၀ တင်သွင်းခွင့်ရတာ ဖြစ်ပါတယ်။

“မိုးကောင်း၊ မြစ်ကြီးနားနဲ့ နမ္မတီးမြို့တွေက ဆန်ကိုဝယ်တယ်။ ဒီကို သယ်လာတော့ တနိုင်းနဲ့ ဖားကန့်ကြား ဒွန်ဘန်တပ်ရင်းမှာပဲ တိုင်းမှူး အမိန့်မပါလို့ဆိုပြီး သွားခွင့်မရဘူး။ နှစ်ရက် သုံးရက်လောက် ညအိပ်စောင့်ပေမယ့် မရလို့ ပြန်သွားရတယ်။ အဲလိုစစ်တာက ၆ နေရာလောက်ရှိတယ်” လို့ ဆန်ကုန်သည်တယောက်က ပြောပါတယ်။

ဆန်နဲ့စက်သုံးဆီတွေ လွတ်လွတ်လပ်လပ် သယ်ယူခွင့်ပြုဖို့ ပြီးခဲ့တဲ့ ၂၇ ရက်နေ့က လွှတ်တော်မှာ မေးမြန်းရာမှာတော့ ကန့်သတ်ပိတ်ပင်တာ မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်ကဖြေပါတယ်။

တနိုင်း၊ နန်းယွန်းနဲ့ ရှင်ဗွေယန်မြို့နယ်ခွဲတွေကို လိုအပ်ချက်ထက် ပိုသွင်းလာတဲ့ ဆန်နဲ့ စက်သုံးဆီတွေဟာ KIA/KIO (ကချင်) ထိန်းချုပ်နယ်မြေတွေကို ရောက်သွားတတ်လို့  နယ်မြေလုံခြုံရေးအရ စိစစ်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်နေတာကို သိရဖို့ တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

တနိုင်းဒေသ ရွှေနဲ့ ပယင်းမှော်တွေက လူတွေထွက်ခွာဖို့ တပ်တော်က ကြေညာပြီးတဲ့နောက်ပိုင်း ဇွန် ၁၈ ရက်လောက်ကစပြီး အခုအချိန်အထိ မှော်တွေဘက်မှာ ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013