DVB Logo
Home
မြန်မာသတင်း
လူထုဆန္ဒအရ ကရင်ပါတီအချင်းချင်း တစ်ပါတီတည်းဖြစ်ရေး ကြိုးစားနေ
DVB
·
July 2, 2017
လူထုဆန္ဒအရ ကရင်ပါတီအချင်းချင်း တစ်ပါတီတည်းဖြစ်ရေး ကြိုးစားနေ
Donate to DVB

ကရင်လူထုရဲ့ ဆန္ဒအတိုင်း ကရင်ပါတီအချင်းချင်း တစ်ပါတီဖြစ်အောင်ကြိုးစားနေဆဲဖြစ်တယ်လို့ ဖလုံ-စဝေါ်ဒီမိုရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစောကြည်လင်းက ပြောပါတယ်။

ဇွန် ၂၉ ရက်နေ့ ညနေ့ ၅ နာရီခန့်က ဘားအံမြို့ဇွဲကပင်ခန်းမမှာ ပြုလုပ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ကရင်အမျိုးသားအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒီဗွီဘီရဲ့ မေးမြန်းချက်ကိုပြန်လည် ဖြေကြားခဲ့တာပါ။

ဖလုံ-စဝေါ်ဒီမိုရက်တစ်ပါတီအထွေထွေအတွင်းရေးမှူး ဦးစောကြည်လင်းက “ကရင်လူထုက လိုချင်တာက ကွဲကွဲပြားပြားဖြစ်နေတဲ့ကရင်ပါတီတွေကို စုစည်းပြီးတော့ တစ်ပါတီကြီးအဖြစ် ရွေးကောက်ပွဲဝင်စေချင်တယ်။ ဒါက လူထုရဲ့ ဆန္ဒ။ လူထုရဲ့ဆန္ဒ ပြောချင်တာက ၂၀၁၅ ရွေးကောက်ပွဲတုန်းက တိုင်းရင်းသားပါတီများ ကရင်ပါတီများအပါအ၀င် တိုင်းရင်းသားပါတီများ မရှု့မလှ ရှုံးနိမ့်ခဲ့ရတဲ့ အဲဒီအချက်လေးတချက်ပါတယ်လို့ လူထုက အဲလို သုံးသပ်တယ်။ သုံးသပ်တဲ့အခါကျတော့ ကျနော်တို့မှာရှိတဲ့ ပါတီများကလည်း အဲတာကိုပါတီတိုင်းပါတီတိုင်း သုံးသပ်ပါလိမ့်မယ်။ ကရင်ပါတီများပေါင်းစည်းဖို့အတွက် ကျနော်တို့စကားပြောလာခဲ့ကျတာ ၈ ကြိမ် ၉ ကြိမ်လောက်ရှိပါပြီ။ တိုးတက်မှုတော့ရှိပါတယ် ပေါင်းစည်းမယ့် အဆင့်ကို မရောက်သေး ပါဘူး။ နောက်တော့လည်းအခုက ၁၇ခုနှစ်ပဲရှိသေးတယ်ဆိုတော့ ၂၀၂၀ ဆိုတော့ နောက်၃ နှစ်လောက်ကျန်သေးတယ်။ ကျနော်တို့ပါတီအချင်းချင်း ညှိနှိုင်းပြီးတော့ နောက်ဆုံးတစ်ပါတီ ဖြစ်အောင် ကြိုးစားနေဆဲကာလဖြစ်ပါတယ်။ တနေ့နေ့တချိန်ချိန်မှာ ပေါ်လာမယ်လို့ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။

ကရင် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစောရဲဝင်းနိုင်က “အခုတက်လာတဲ့ ပင်လုံတို့ ဘာတို့က ဖက်ဒရယ်ပြည်ထောင်စုနဲ့သွားမယ်ဆိုတော့ ဖက်ဒရယ်ဆိုတာက ပေါင်းစည်းနေထိုင်ချင်းပဲလေ။ တိုင်းရင်းသားအားလုံးတည်းမှာ စုပေါင်းနေထိုင်ကျတဲ့ပြည်နယ် ဒါပေမယ့် ကရင်လူဦးရေက ကရင်ပြည်နယ်မှာ များပေမယ့်လည်း တိုင်းရင်းသားပေါင်းစုံရှိပါတယ်။ တိုင်းရင်းသားပေါင်းစုံ ရှိနေတဲ့အချိန်မှာ ဒီတိုင်းရင်းသားတွေအကုန်လုံးလက်တွဲနိုင်မှ ရှေ့ဆက်ခြေလှမ်းတွေ ချီတက်လို့ ရမှာဖြစ်တယ်။ နောက်တိုင်းရင်းသားအားလုံးပါဝင်လာနိုင်အောင် ကြိုးစားနေပါတယ်။ ပေါင်းစည်းဖြစ်သွားမယ်ဆိုရင် ပြည်သူကိုလည်း ကျနော်တို့က ချပြပေးမယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ်မှာ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်သစ်ပါတီ၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ၄ ပါတီ ပေါင်းစည်းရေးအတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှု ၇ ကြိမ် ၈ ကြိမ်ခန့် ဆွေးနွေးမှုတွေရှိခဲ့ပြီး ပေါင်းစည်းဖို့ အလာအလားကောင်းမွန်နေပြီး လက်ရှိအခြေအနေမှာ ပေါင်းစည်းဖို့ ဆောင်ရွက်နေဆဲအချိန်ဖြစ်တာကြောင့် ကရင်ပြည်သူတွေကို အသိပေးကြေညာဖို့ စောနေသေးကြောင်းနဲ့ အမှန်တကယ်ပေါင်းစည်းဖြစ်ခဲ့ရင် သတင်းမီဒီယာတွေနဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး တရားဝင်အသိပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၁၉ ပါတီနဲ့ တစ်သီးပုဂ္ဂလပါတီ အပါအ၀င် ပါတီ ၂၀ က ကိုယ်စားလောင်း ၂၆၀ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများဆုံးနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဒုတိယ နေရာအများဆုံးရရှိအနိုင်ရခဲ့တယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013