DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် ငါးရှာကျင်စက်ထိုးရင် လူတဦး ဓာတ်လိုက်သေဆုံး
DVB
·
July 2, 2017
အင်္ဂပူမြို့နယ်တွင် ငါးရှာကျင်စက်ထိုးရင် လူတဦး ဓာတ်လိုက်သေဆုံး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ထဲက ကွင်းကောက်နယ်မြေရဲတပ်ဖွဲ့စခန်းအပိုင်း ကွင်းကောက်မြောက်အုပ်စု တလုပ်ကုန်းကျေးရွာမှာ ဇူလိုင် ၁ ရက်နေ့က ကျင်စက်နဲ့ ငါးဖမ်းသူ တဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အသက်၂၄ နှစ်အရွယ် တဦး ငါးရှာဖို့ ကျင်စက်နဲ့ အသွား ကျွန်းတောရွာသွားလမ်း ကျောက်ပြား တံတားရေမြောင်းထဲမှာ တပိုင်းပေါ်တပိုင်း ရေထဲကျသေဆုံးနေတဲ့ဖြစ်စဉ်တခု ဇူလိုင်လ ၁ ရက် ကဖြစ်ပွားခဲ့ပါတယ်။

"ဟုတ်ပါတယ် မနေ့က ညနေ ၆ နာရီလောက်မှာ ရဲစခန်းလာအကြောင်းကြားတာပါ။ မနေ့က မနက်ပိုင်းကတည်းက သေဆုံးသွားသူက ဆိုင်ကယ်နဲ့ထွက်ပြီး သူရဲ့ကျင်စက်ပစ္စည်းတွေနဲ့ ငါးသွားရှာတာပါ။ ခါတိုင်းလည်း ဒီလိုမျိုးသွားနေကြဆိုတော့ အမှတ်တမဲ့ နေလိုက်သူ အမျိုးသမီးက ညနေပိုင်အထိ ပြန်မလာတော့ သူသွားငါးရှာနေကျေ နရာတွေ လိုက်ရှာတော့ သေဆုံးနေတာ တွေရတာပေါ့။ ၁၂ ဗို့ အန်ဘီယာ ၇၀ အားအိုးနဲ့ ကွိုင်က ဂျပန်ကွိုင်ထုတ် ၃၈၀ ဝတ်ရှိတယ်ဗျ။ အဲမှာ ကိုင်တဲ့ ညာဘက်လက်ကို ဓာတ်ကြိုးပေါက်ပြီး သွားထိရင် သေဆုံးတာ ဖြစ်တယ်။ အဲလက်မှာ ညိုမည်းနေတယ်။ သေဆုံးသူက တလုပ်ကုန်းက ရန်နိုင်စိုးဖြစ်ပါတယ်။ မနေ့က ညတွင်းချင်းပဲ ရဲလုပ်ငန်းတွေ ချက်ချင်းစလုပ်ကိုင်နေပါတယ်” လို့ ကွင်းကောက်နယ်မြေရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲဇော်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ခုဖြစ်စဉ်ကို သေမှုသေခင်းအမှု အမှတ်စဉ် (၆) နဲ့ သေမှုသေခင်း ဖွင့်ဆောင်ရွက်နေပါတယ်လို့ သိရပါတယ်။

အင်္ဂပူမြို့နယ်တွင်းမှာ ခု ရှော့ရိုက်ပြီး ငါရှာနေတာတွေရှိပေမယ့် အရေးယူမူတွေ အားနည်းနေသေးတယ်လို့ အင်္ဂပူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်္ဂပူမြို့နယ်ရုံး အဖွဲ့မှူး ဦးအောင်မြင်ကပြောပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013