DVB Logo
Home
မြန်မာသတင်း
သီပေါရဲစခန်း လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
July 2, 2017
သီပေါရဲစခန်း လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
1 / 4
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့မရဲစခန်း ဒီကနေ့မနက်စောပိုင်းက လက်လုပ်ဗုံးနဲ့ ပစ်ခိုက်တိုက်ခိုက်မှုခံခဲ့ရပြီး စခန်းတွင်း ရပ်ထားတဲ့ ကားနှစ်စီး ပျက်စီးသွားတယ်လို့ သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူး မြင့်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒီကနေ့ မနက်အစောပိုင်း ၄ နာရီခွဲလောက်မှာ ဆိုင်ကယ်စီးလာသူ တဦးကနေပြီး လက်လုပ်မိုင်းနဲ့ လာရောက်ပစ်ပေါက်ခဲ့တာဖြစ်ပြီး အဆိုပါလက်နက်လုပ်မိုင်းဟာ ရဲစခန်းနဲ့ အုပ်တံတိုင်းကြားမှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“အပြင်ကနေ သူက လက်လုပ်ဗုံးနဲ့ ပစ်သွားပါတယ်ခင်ဗျာ။ ရဲစခန်းကအနောက်က ကင်းရုံကို ပစ်တာပေါ့ခင်ဗျာ။ ဆိုင်ကယ်နဲ့လာပြီးတော့ ဆိုင်ကယ်ရပ်ပြီးတော့ ပစ်သွားတာ။”

ဒီပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူမရှိပေမယ့် ကားနှစ်စီးပျက်စီးသွားပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းနေတယ်လို့ ပြောပါတယ်။

သီပေါရဲတပ်ဖွဲ့အနေနဲ့ မတရားအသင်းဆက်သွယ်မှုပုဒ်မ-၁၇ နဲ့ ဖမ်းဆီးထားသူ ၃ ဦးဟာ ပလောင်လူမျိုးတွေဖြစ်တာကြောင့် အဲဒီအမှုနဲ့ ဆက်စပ်နိုင်တယ်လို့ ယူဆရကြောင်းလည်း ရဲမှူးမြင့်ဝင်းက ပြောပါတယ်။

“အဲဒါကတော့ ကျနော်တို့ စုံစမ်းနေတုန်းပဲ။ ဒါပေမယ့် ဖြစ်နိုင်ခြေကတော့ လက်ရှိကျနော်တို့ ရဲစခန်းမှာ ဖမ်းထားတဲ့ ၁၇ (၁) ပေါ့လေ။ မတရားအသင်းဆက်သွယ်မှု နဲ့ ဆက်စပ်ပြီးတော့ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ ဖမ်းထားတဲ့အထဲမှာ ပလောင် ၃ ယောက်ပါတယ်လေ။ အဲဒါနဲ့ ပတ်သက်ပြီး မကျေနပ်လို့ လာပြီးလုပ်တယ်လို့ ထင်တယ်။”

ဓာတ်ပုံ - အာကာမြင့်အောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013