
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းက ရန်ကုန်ကနေတဆင့် ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာနေပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ဟာ မနေ့ ဇွန်လ ၁ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်ကို သွားရောက်လေ့ လာဖို့ရှိသလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နေပြည်တော်မှာ တွေ့ဆုံမယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်တော်မြို့တွေကို သွားရောက်မှာဖြစ်သလို ခရီးစဉ်အတွင်း မောင်တောမြို့ကိုလည်း သွားရောက်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒီခရီးစဉ်မှာ ဇူလိုင်လ ၆ ရက်နေ့အထိဖြစ်ပြီး မြန်မာနိုင်ငံက ကုလသမဂ္ဂအေဂျင်စီတွေ၊ သံတမန်တွေနဲ့ လည်း တွေ့ဆုံမှာဖြစ်ပါတယ်။











