DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ်တွင် လုံခြုံရေးကို ခဲဖြင့်ပစ် တူနှင့်ထုပြီး အကျဉ်းသား ၅ ဦး ထွက်ပြေး
DVB
·
July 1, 2017
ပေါင်မြို့နယ်တွင် လုံခြုံရေးကို ခဲဖြင့်ပစ် တူနှင့်ထုပြီး အကျဉ်းသား ၅ ဦး ထွက်ပြေး
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ထောင်ကျ အကျဉ်းသား ၅ ယောက် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပေါင်မြို့နယ်၊ အင်းဗြောင်ကုန်ထုတ်စခန်းက အကျဉ်းသား ၅ ယောက်ဟာ ဇွန် ၂၉ ရက်က တာဝန်ကျ လုံခြုံရေးကို ရိုက်နှက်ပြီး ထွက်ပြေးသွားတာပါ။

“အခုတော့ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်နေပါတယ်။ အရင်က ဒီလို ထွက်ပြေးတာမျိုးတော့ မရှိပါဘူး။ အဲဒီစခန်းက ကျောက်ထုတ်တဲ့စခန်းပါ” လို့ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဒီဗွီဘီကို ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပေါင်မြို့မ ရဲစခန်းမှာလည်း အမှုဖွင့်ဆောင်ရွက်နေတာပါ။

စခန်းမှူး ဒုရဲမှူး ထွန်းဇော်ဦးက “ဒီနေ့အထိတော့ ဖမ်းမမိသေးပါဘူး။ သူတို့က တာဝန်ကျ လုံခြုံရေးကို ခဲနဲ့ပစ်၊ တူနဲ့ထုပြီး ထွက်ပြေးတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တာဝန်ကျ လုံခြုံရေးကိုတော့ တိုက်နယ်ဆေးရုံမှာ ကုသနေပြီး စိုးရိမ်စရာ အခြေအနေ မရှိဘူးလို့ ဆိုပါတယ်။

ထွက်ပြေးသွားသူတွေကို ပြည်သူ့ဝန်ထမ်းကို တာဝန်ထမ်းဆောင်နေစဉ် ရိုးရိုးနာကျင်စေမှု ပုဒ်မ ၃၃၂၊ ချုပ်နှောင်ထားတဲ့နေရာက ထွက်ပြေးမှု ပုဒ်မ ၂၂၄ တို့နဲ့ အမှုဖွင့်ထားတယ်လို့လည်း သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013