DVB Logo
Home
မြန်မာသတင်း
လေးလောင်းပြိုင်လူသတ်မှု တရားခံ ရဲတပ်ဖွဲ့ထုတ်ပြန်ချက် မိသားစုတုံ့ပြန်
DVB
·
July 1, 2017
လေးလောင်းပြိုင်လူသတ်မှု တရားခံ ရဲတပ်ဖွဲ့ထုတ်ပြန်ချက် မိသားစုတုံ့ပြန်
Donate to DVB

လေးလောင်းပြိုင်လူသတ်မှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ထုတ်ပြန်ချက်ဟာ သေဆုံးသူမိသားစုဝင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာကြောင့် အမှုမှန်ပေါက်ရေး ဖြေရှင်းပေးဖို့ ကျန်ရစ်သူမိသားစုဝင်က တောင်းဆိုလိုက်ပါတယ်။

လေးလောင်းပြိုင်လူသတ်မှာ အသတ်ခံခဲ့ရတဲ့ သေဆုံးသူ မချယ်ရီပွင့်ရဲ့မိခင် ဒေါ်ရီရီနွဲ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။

“အကြွေးတွေရှိတယ်ပြောတယ်။ ဒီလောက်ပိုက်ဆံလေးနဲ့ သိက္ခာချခံရတယ်။ ကလေးတွေကို ဒီလောက်ချစ်တဲ့အဖေ ကိုယ့်ကလေးကိုပြန်သတ်မလား အန်တီ လုံးဝမယုံပါဘူး။ သူတို့က သူတို့အလုပ် သူတို့လုပ်တာဆိုပေမယ့် ထုတ်ပြန်ချက်က မိသားစုဝင်တွေအရမ်း ထိခိုက်တယ်။ ဟိုလူသုံးယောက်ကို မမိသေးဘဲ မစစ်သေးဘဲ ဒါကို မထုတ်ပြန်သင့်ပါဘူး” လို့ သေဆုံးသူ မချယ်ရီပွင့်ရဲ့ မိခင်က ပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ နှစ် ၂၀၁၆ ဩဂုတ်လက မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် မြအေးချမ်းသာ လမ်းကနေအိမ်မှာ မိသားစုလေးဦးလုံး အသတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားပြီး ၁၀ လအကြာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမူနဲ့ပတ်သတ်တဲ့ ဖြစ်စဉ်ကို ထုတ်ပြန်လိုက်တာပါ။

ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဒီအန်အေ စစ်ဆေးမူတွေ အရ သေဆုံးသူမိသားစုဝင်တွေရဲ့ ဒီအန်အေ ကလွဲရင် အပြင်ကလူရဲ့ ဒီအန်အေ စစ်ချက်မတွေ့ကြောင်း၊ မိသားစုဝင်မှာ အကြွေးတွေများနေကြောင်း၊ ဂမ္ဘီရစာအုပ်တွေဖတ်ပြီး စိတ်လွတ်နေတယ်လို့ ယူဆကြောင်း၊ အိမ်ထောင်ဦးစီးဖြစ်သူဟာ သားနှစ်ယောက်နဲ့ ဇနီးကိုသတ်ပြီး မိမိကိုယ်ကိုယ် ထိုးသွင်းဒဏ်ရာလေးချက်နဲ့ သတ်သေလိုက်တာဖြစ်ကြောင်း စတာတွေပါဝင်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ စစ်ချက်တွေကို မိသားစုဝင်တွေက လုံးဝအယုံကြည်မရှိဘဲ အမူမှန်ဖော်ထုတ်ပေးဖို့ တောင်းဆိုလိုက်ပြီး ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ်လည်း ဝေဖန်မူတွေ မြင့်တက်ခဲ့ပါတယ်။

“မြန်မာနိင်ငံရဲတပ်ဖွဲ့က အရည်အချင်းအရမ်းကျနေတယ်။ ဟိုလူသုံးယောက်ကိုမမိသေးဘဲ ခုလိုထုတ်ပြန်တာ အရမ်းစောနေတယ် မထုတ်ပြန်သင့်သေးဘူး။ မိသားစုတွေကိုထိခိုက်တယ်။ အရင်ဆုံး မသင်္ကာစရာလူ ၃ ယောက်ဆိုတာကို မိမှ ထုတ်ပြန်ရမှာ” လို့ တရားလွှတ်တော်ရှေ့နေ့ဦးကြီးမြင့်က သုံးသပ်ပါတယ်။

အခုလို မြန်မာနိင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး လူမူကွန်ရက် စာမျက်နှာတွေမှာလည်း ဝေဖန်ပြောဆိုမူတွေမြင့်တက်ခဲ့ပြီး မိသားစုဝင်တွေကလည်း တရားဝင် ပြန်လည်ရှင်းလင်းဖို့ စီစဉ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013