DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးတဦးထံမှ ဆွဲကြိုးဖြတ် လုပြေးသူ ၂ ဦးကို ဖမ်းမိ
DVB
·
July 1, 2017
အမျိုးသမီးတဦးထံမှ ဆွဲကြိုးဖြတ် လုပြေးသူ ၂ ဦးကို ဖမ်းမိ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ ဇွန် ၃၀ ရက်ည ၉ နာရီလောက်က အမျိုးသမီးတဦးဆီကနေ ဆွဲကြိုးဖြတ်လုယူ ထွက်ပြေးသူ လူငယ် ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

“အမျိုးသမီးဆီကနေ ဆွဲကြိုးကိုဖြတ်ပြီး ဆိုင်ကယ်နဲ့ထွက်ပြေးတာပါ။ အဲဒါကို ရွာက ဖုန်းဆက်တော့ သူတို့လာနိုင်တဲ့ လမ်းကြောင်းတွေကို လိုက်ပြီးစစ်ဆေးတာပေါ့။ အဲမှာ လုလာတဲ့ ဆွဲကြိုးနဲ့အတူ ဖမ်းမိတာပါ။ လူငယ်တွေပါ လုပ်တာက” လို့ ဖြူးမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ကျော်ဇင်ထိုက်က ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်စဉ်မှာ ဖြူးမြို့နယ် ရေလျှံကြီးကျေးရွာအုပ်စု ဝဲဒေါင့်ကျေးရွာရှိ အမျိုးသမီးတဦးထံကနေ လူငယ်နှစ်ဦးက ဆွဲကြိုးအား လုရက်ပြီးဆိုင်ကယ်နဲ့ ထွက်ပြေးသွားကြောင်း ဖြူးမြို့မရဲတပ်ဖွဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်အကြောင်းကြားခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေက လုရက်ထွက်ပြေးသွားနိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ရှာဖွေခဲ့လို့ လုရက်ထွက်ပြေးလာသူ နှစ်ဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဆွဲကြိုးဖြတ်ပြေးတဲ့ စောလင်းဦးနဲ့ အောင်သန့်တို့ကို သက်သေခံပစ္စည်း ဆွဲကြိုးပြတ်တခုနဲ့အတူ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ DAYANG အမျိုးအစား ဆိုင်ကယ်တစီးကို ဖမ်းဆီးရမိခဲ့တာပါ။

ပြစ်မှုကျူးလွန်သူ နှစ်ဦးအား (ပ)၂၅၇ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ-၃၈၂/၁၁၄ အရ ဖြူးမြို့မရဲတပ်ဖွဲ့စခန်းက အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013