DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် လက်ဝတ်ရတနာ ကုန်သွယ်ခွန် ကောက်ယူမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများရှိနေ
DVB
·
July 1, 2017
မြိတ်တွင် လက်ဝတ်ရတနာ ကုန်သွယ်ခွန် ကောက်ယူမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများရှိနေ
Donate to DVB

ဇူလိုင်လ ၁ ရက်နေ့က စပြီး ရွှေထည်နဲ့ လက်ဝတ်ရတနာ ဝယ်ယူသူတွေဆီက ကုန်သွယ် လုပ်ငန်းခွန် ပေးဆောင်စေတာနဲ့ ပတ်သက်လို့ ဝယ်ယူသူတွေနဲ့ ရွှေဆိုင် လုပ်ငန်းရှင်တွေကြား ဝေဖန်မှုတွေ မြင့်တက်နေပြီး အခက်အခဲတချို့လည်း ဖြစ်ပေါ်လာနိုင်တယ်လို့ ဝေဖန် ပြောဆိုနေ ကြပါတယ်။

လက်ရှိမှာတော့ ကုန်သွယ်ခွန်ပေးဖို့ သတင်းတွေ ထွက်လာပြီးနောက် အရောင်းအဝယ် အေးနေတဲ့ ဆိုင်ငယ်တချို့က စိုးရိမ်နေပြီး ဆိုင်တချို့ကလည်း ပိတ်သိမ်းဖို့အထိ ပြင်ဆင်နေတယ်လို့ ရွှေဆိုင် အသိုင်းအဝိုင်းက သိရပါတယ်။

“တစ်နှစ်ကို ဝင်ငွေ အခွန် အပေါ်ဆိုင်ရှင်တွေကို ထပ်ဆောင်းပြီး ကောက်ရင် ပိုအဆင်ပြေ နိုင်ပါတယ်။ တစ်နှစ်လုံးမှာ အဲ့လိုမျိုးလုပ်ရင်တော့ ဆိုင်ရှင်မှာ ပိုထိခိုက်ပေမယ့် သိပ်ပြီး ပြဿနာမရှိဘူးပေါ့။ ဒါပေမယ့် ဝယ်ယူသူတွေ အပေါ်မှာ ငါးမူး၊ တစ်ကျပ်အတွက် ကုန်သွယ် အခွန်တွေ ကောက်လိုက်တော့ ရှုပ်ထွေးမှုတွေ ဖြစ်သွားပါတယ်၊ အခွန်အတွက်နဲ့ ၀ယ်သူတွေကို ရှင်းပြ၊ ပြောပြရတာ စိတ်အနှောင့်ယှက်ဖြစ်သလို အခွန်ဆောင်နေကျ မဟုတ်တော့ ရှုပ်ပြီးတော့ မဝယ်ချင် ကြတော့ဘူးပေါ့” ဆိပ်ငယ်ဈေးကြီးက ရွှေဆိုင် လုပ်ငန်းရှင် ဦးညီညီစိုးက ပြောပါတယ်။

ပေးရမယ့် ကုန်သွယ်ခွန်နှုန်းထားတွေကတော့ ရွှေထည်သီးသန့်ဆိုရင် ရွှေတန်ဖိုး၊ လက်ခ၊ အလျော့တွက် စုစုပေါင်းတန်ဖိုးအပေါ် ကုန်သွယ် လုပ်ငန်းခွန် ၁ ရာခိုင်နှုန်း၊  စိန်၊ မြ၊ နီလာ၊ ပတ္တမြား စတဲ့ ကျောက်မျက်ရတနာ တွေဆိုရင်တော့ ကျောက်မျက်ရတနာ တန်ဖိုးအပေါ် ကုန်သွယ်လုပ်ငန်းခွန်း ၅ ရာခိုင်နှုန်းကိုလည်း ထပ်ပေးဖို့ သတ်မှတ်ထားတာပါ။

မြိတ်မြို့နယ် အခွန်ဦးစီးမှူးရုံး ဒေါ်တင်တင်စိန်က “ကျမတို့က ဇူလိုင်လ ၁ ရက်နေ့ကနေ စပြီးတော့  ပြေစာအမှတ်တံဆိပ်တွေကို ၃ လစာ ထုတ်ပေးထားပါမယ်။ ၁ လ တကြိမ် သော်လည်းကောင်း၊ ၃ လ တကြိမ်သော်လည်းကောင်း ရုံးကို လာရောက်ပြီးတော့ အခွန် ပေးသွင်းရပါမယ်” လို့ ပြောပါတယ်။

ဝယ်ယူသူတွေဆီက ကောက်ခံမယ့် ကုန်သွယ်ခွန်နှုန်းထားတွေဟာ မြင့်မားနေလို့ ဒီထက် လျှော့ပေးဖို့နဲ့ အဲဒီနှုန်းထားအတိုင်း ကောက်ခံသွားမယ်ဆိုရင် အရောင်းအဝယ် ကျသွားနိုင်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက သုံးသပ်ပြောနေကြပါတယ်။

သတင်း - ဇော်ဇော်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013