မောင်တောအကြမ်းဖက်မှုတွင် ၉ လအတွင်း ပြည်သူ ၄၁ ဦးသေဆုံး၊ ၂၃ ဦးပျောက်ဆုံးနေ
DVB
·
July 1, 2017

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာကနေ အခုနှစ်ဇွန်လ ၃၀ ရက်နေ့အထိ အကြမ်းဖက်သတ်ဖြတ်ခံရမှုကြောင့် အပြစ်မဲ့ပြည်သူ ၄၁ ဦးသေဆုံးခဲ့ပြီး ၂၃ ဦး ပျောက်ဆုံးနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်စာရင်းအရ အခုနှစ်ဇွန်လတလအတွင်းမှာ သတ်ဖြတ်ခံရသူ ၁၀ ဦးနဲ့ အမြင့်ဆုံးရှိနေပြီး ဧပြီလတုန်းက ၇ ဦး ပျောက်ဆုံးခဲ့ကြောင်း ဖြော်ပထားပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်မနက်က မောင်တောမြို့နယ်ထဲက နယ်ခြားစောင့်ရဲ ကင်းစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးကာ လက်နက်နဲ့ ကျည်ဆန်တွေ အကြမ်းဖက်သူတွေ လက်ထဲပါသွားခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်မှုဖြစ်စဉ်အတွင်း လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ပြီး ၆၀၀ ကျော် ဖမ်းဆီးထာကြောင်း နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ဒီဇင်ဘာလက ပြောဆိုခဲ့ပါတယ်။