DVB Logo
Home
မြန်မာသတင်း
အလုပ်သမားဖြေရှင်းရေးရုံးကို တိုင်ကြားတော့မည်
DVB
·
February 22, 2012
အလုပ်သမားဖြေရှင်းရေးရုံးကို တိုင်ကြားတော့မည်
Donate to DVB

လှိုင်သာယာစက်မှုဇုန် တိုင်ရီဖိနပ်စက်ရုံ အလုပ်သမား ၁,၂၀၀ ကျော်က နေ့တွက်ခ ပိုမိုရရှိရေးအတွက် မရမ်းကုန်းမြို့နယ် ၀ါဏိဇ္ဇပဋိပက္ခရုံးမှာ တိုင်ကြားဖို့ သဘောတူတာကြောင့် တိုင်ကြားတော့မယ်လို့ အလုပ်သမားခေါင်းဆောင် မမိုးဝေ (ခေါ်) မဝေက ပြောပါတယ်။

[caption id="attachment_21552" align="alignleft" width="310" caption="ဆန္ဒပြ အလုပ်သမားများ"][/caption]

“အခု အားလုံး မေးပြီးသွားပါပြီ။ လက်မှတ်ပေါင်း ၁,၃၀၀ လောက်နဲ့ ၀ါဏိဇ္ဇခုံရုံးကို တင်တော့မယ်။ အလုပ်သမားတွေလည်း ထောက်ခံတယ်။ သူတို့လည်း သဘောတူတယ်။ အခုသွားတင်တော့မှာပါ။”

တိုင်ရီဖိနပ်စက်ရုံမှာ အလုပ်သမား ၁,၈၀၀ ကျော်  ရှိတဲ့အနက် လစာ အသင့်အတင့် ကောင်းမွန်တဲ့ လုပ်သား ၅၀ ခန့် အလုပ်ဆင်းနေကြတယ်လို့ ဆိုပါတယ်။ ကျန် ၅၀၀ ကျော်ကတော့ ဆန္ဒပြချိန် ရှည်ကြာလာတာနဲ့ အတူ ရွာပြန်တဲ့သူတွေ ပြန်နေကြတယ်လို့ မဝေက ပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့ကစတဲ့ ဆန္ဒပြမှုဟာ အဓိကအားဖြင့် ၁ နာရီ လုပ်အားခ ၇၅ ကျပ်ကနေ ၁၅၀ ထိ ရဖို့နဲ့ ရက်မှန်ကြေး  ၁ လ ၆,၀၀၀ ကနေ ၈,၀၀၀ ကို တိုးပေးဖို့ နှစ်ချက်က အဓိက ဖြစ်ပါတယ်။

ဒီလလယ်ပိုင်းမှာ အစိုးရ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ စက်ရုံပိုင်ရှင်နဲ့ အလုပ်သမားတွေ ညှိရာမှာ တနာရီ လုပ်ခကို ၇၅ ကျပ်ကနေ ၁၀၀ ကျပ်ကို အလုပ်ရှင်ဘက်က  တိုးပေးပေမယ့် အလုပ်ရှင်ရဲ့ လိုက်လျောချက်ဟာ သူတို့ လိုလားချက်နဲ့ ကွာဟနေတာကြောင့် အလုပ်ပြန်မဆင်းဘဲ နေကြတာလို့ ဆိုပါတယ်။

အလုပ်သမားတွေကို စာနာတဲ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုအခြေစိုက် အမျိုးသမီးအဖွဲ့က ဒီနေ့ နေ့ခင်းမှာ ကျပ်ငွေ ၄ သိန်း လှူဒါန်းတယ်လို့ မဝေက ပြောပါတယ်။

အလုပ်သမားတွေကို ကူညီနေသူ ဦးဝင်းချိုက အလုပ်သမားခေါင်းဆောင် တချို့ အလုပ်ရှင်နဲ့ ညှိရာမှာ လစာတိုးပေးရေးကိစ္စ ထူးခြားမလာဘူးလို့ ပြောပါတယ်။

“မနက်က အလုပ်သမားခေါင်းဆောင်တွေ စက်ရုံထဲသွားပြီး အလုပ်ရုံပိုင်ရှင်နဲ့ ညှိနှိုင်းခဲ့ပါတယ်။ ညှိနှိုင်းတဲ့အခါမှာ နောက်ဆုံးရထားတဲ့ သဘောတူညီချက်ထက် ပိုထူးပြီး မရလာပါဘူး။”

အလုပ်သမားတွေ ဒီလ တလလုံး အလုပ်မလုပ်ရတဲ့အတွက် မကြာခင် လကုန်တဲ့အခါ လစာမရရင် သူတို့တွေရဲ့ ဘ၀တွေအတွက် ပူပန်တယ်လို့ ဦးဝင်းချိုက ပြောပါတယ်။

အလုပ်သမားဖျန်ဖြေရေးရုံးကို တင်လျှောက်ဖို့  တနင်္လာနေ့ကတည်းက ခွင့်ရပေမယ့် အလုပ်သမားတွေရဲ့ ဆန္ဒကို ရယူဖို့ ၂၂ ရက်နေ့ကို ရက်ချိန်း ရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားပဋိပက္ခနဲ့ ပတ်သက်လို့ သက်ဆိုင်ရာရဲ့ ကြားဝင်မှု အခြေအနေကို ရန်ကုန်နဲ့ နေပြည်တော်က ဗဟိုဝါဏိဇ္ဇပဋိပက္ခမှု ကော်မတီရုံးတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013