DVB Logo
Home
မြန်မာသတင်း
အညာဒေသက နာဂရိုးရာနှင့်တိုင်းရင်းသားရိုးရာ ချပ်ဝတ်တန်ဆာ ဖန်တီးရာ
DVB
·
July 1, 2017
အညာဒေသက နာဂရိုးရာနှင့်တိုင်းရင်းသားရိုးရာ ချပ်ဝတ်တန်ဆာ ဖန်တီးရာ
1 / 12
Donate to DVB

နာဂလို့ ဆိုလိုက်ပြီဆိုတာနဲ့ ဓါး၊လှံ၊ဒိုင်း၊ခေါင်းဆောင်းတွေ ဆောင်းထားကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုကိုမြင်မိကြမှာပါ။

နှစ်စဉ် ဇန်နဝါရီ ၁၅ ရက်နေ့မှာကျင်းပလေ့ရှိတဲ့ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ကာလာတွေမှာ ရိုးရာချပ်ဝတ်အဆင်တန်ဆာတွေနဲ့ ဝိုင်းဖွဲ့ကပြကျင်းပ နေကြတာပေါ့။ ဒါတွေက ချင်းပြည်နယ်ဆွမ်မရ တောင်တန်းနဲ့ မြန်မာပြည်မြောက်ပိုင်း တောင်တန်းဒေသတွေမှာ ပြန့်ကျဲနေထိုင်တဲ့ နာဂတိုင်းရင်းသားတွေနဲ့ ချပ်ဝတ်အဆင်တန်ဆာတွေကို အများစု မြင်တွေ့ကြရမယ့် ဒေသတွေပါ။

ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ တောင်တန်းဒေသမဟုတ်ဘဲ မြေပြန့်ဒေသမှာလည်း နာဂရိုးရာ ချပ်ဝတ်တန်ဆာတွေကို တွေ့နိုင်ပါတယ်။ အဲဒါကတော့ မန္တလေးမြို့၊ ချမ်းအေးသာစည်မြို့နယ်၊ ဦးဘွားကုန်းကျော်၊ သံလမ်းအရှေ့ဘက်၊ အောင်ရတနာလမ်းနေ မြန်မာမှုတိုင်းရင်းသားရိုးရာ ပစ္စည်းတွေဖန်တီးတဲ့ လက်မှုပညာသည် ဦးခင်မောင်ရဲ့နေအိမ်မှာပါ။

သူ့ရဲ့နေအိမ်ရောက်ပြီဆိုရင်တော့ အိမ်အောက်ထပ် နံရံ၊ အမိုး၊ ဒေါက်တိုင်တွေမှာ နာဂရိုးရာ အထိမ်းအမှတ်ခေါင်းဆောင်း၊ ဒိုင်း၊ လှံ၊ ဓားနဲ့ဓားအိမ်တွေ အများအပြား ချိတ်ဆွဲထားတာကို မြင်ရမှာပါ။ ဒီ့အပြင် မျက်နှာဖုံး၊ ရေဘူး၊ လည်ဆွဲ၊ လက်ပတ်တွေနဲ့ လူ့အသုံးဆောင် ပစ္စည်းတွေကိုလည်း တွေ့ရမှာပါ။

“ဒီပစ္စည်းလေးတွေကို ဟိုတစ၊ ဒီတစ ချိတ်ဆွဲထားတယ်။ ကိုယ်ဖန်တီးထားတဲ့ ပစ္စည်းလေးတွေကို ကြည့်ရင် ရင်ထဲမှာ ဖော်မပြနိုင်လောက်အောင် ပီတိဖြစ်တယ်”လို့ ဦးခင်မောင်က ဂုဏ်ယူစွာပြောပါတယ်။

မြန်မာ့လက်မှုပညာ မျိုးရိုးကဆင်းသက်လာသူ အသက် ၆၁ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဦးခင်မောင်က နာဂရိုးရာ အထိမ်းမှတ်တွေ၊ အခြားသော မြန်မာတိုင်းရင်းသားရိုးရာ ချပ်ဝတ်အဆင်တန်ဆာတွေ ပြုလုပ်ဖန်တီးနေတာပါ။

ငယ်ရွယ်စဉ်ကတော့ ပန်းတိမ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ပေမယ့် ၂၀၀၁ ခုနှစ်ကစလို့ တိုင်းရင်းသားရိုးရာ ချပ်ဝတ်တန်ဆာတွေကို ပြုလုပ်ဖန်တီးလာခဲ့တာ ဆယ်စုနှစ်ကျော်နေပါပြီ။

တိရစ္ဆာန်တွေရဲ့ အရိုး၊ သားရေ၊ ဦးချို၊အစွယ်၊ ခွာတွေ၊ ခရု၊ ကမာခွံတွေ၊ သံ၊ သစ်သား၊ နှီး၊ ကြိမ်တွေကို အသုံးပြုလို့ ကနုတ်တွေဖော်၊ ပုံစံသွင်းပြီး ချပ်ဝတ်အဆင်တန်ဆာတွေကို ပြုလုပ်တာပါ။

သား၊သမီး၊ ဇနီး မိသားစုဝင် ၇ ဦးနဲ့အတူ နေထိုင်တဲ့ ဦးခင်မောင်ဟာ သူ့ရဲ့အတတ်ပညာကို မျိုးဆက်အမွေလက်ဆင့်ကမ်းနေသလို၊မိသားစုဝင်တွေကလည်း သူရဲ့ လုပ်ငန်းတွေကို ဝိုင်းဝန်းကူညီလုပ်ဆောင်နေကြတာပါ။

“မနက် (၇) နာရီလက်ဖက်ရည်သောက်ပြီးတာနဲ့ အလုပ်တန်းဝင်ပါတယ်။ နေ့လယ် ဆာတဲ့ချိန်စားမယ်။ ညနေ (၅)နာရီ၊တခါတလေ အာရုံများရင် (၈)နာရီအထိ မီးထွန်းလုပ်ပါတယ်” ဦးခင်မောင် ကပြောပါတယ်။

သူဖန်တီးလိုက်တဲ့ တိုင်းရင်းသားရိုးရာလက်မှု ပစ္စည်းတွေကို ရန်ကုန်၊ မန္တလေး၊ အင်းလေးဒေသတွေက လာရောက်ဝယ်ယူကြပြီး တဆင့်ခံပြန်လည်ရောင်းချလို့ ဈေးကွက်ဝင်နေပါပြီ။

“တိုင်းရင်းသားရိုးရာမြန်မာမှု” လို့ အမည်သတ်မှတ်ထားတာကို ဦးခင်မောင်က “မြန်မာပြည်မှာ တိုင်းရင်းသားပေါင်းမျိုးတစ်ရာကျော်ရှိပါတယ်။ ဝယ်တဲ့လူတွေက တိုင်းရင်းသားရိုးရာဆရာကြီးဆိုတော့ သူတို့ပေးတဲ့ နာမည်ကို ကြိုက်နှစ်သက်ပြီးတော့ အဲဒီနာမည်ပဲ သတ်မှတ်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013