DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်း တောင်သူများအတွက် မြေလျော်ကြေးနှင့် သီးနှံလျော်ကြေးတိုးပေးရန် ညှိနှိုင်းနေ
DVB
·
July 1, 2017
လက်ပံတောင်း တောင်သူများအတွက် မြေလျော်ကြေးနှင့် သီးနှံလျော်ကြေးတိုးပေးရန် ညှိနှိုင်းနေ
Donate to DVB

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက မြေယာလျော်ကြေး မယူတဲ့ တောင်သူတွေအတွက်  မြေလျော်ကြေးနဲ့ သီးနှံလျော်ကြေးတိုးပေးဖို့ ညှိနှိုင်းနေတယ်လို့ ၀န်ကြီး ဦးအုန်းဝင်းက ပြောကြားလိုက်ပါတယ်။

ဇွန်လ ၃၀ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောတာပါ။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၅ က ဦးရဲထွဋ် မေးမြန်းတဲ့ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်တာမှာ ပါသွားတဲ့ မြေယာတွေအနက် လျော်ကြေး ရယူခြင်းမရှိသေးတဲ့ တောင်သူတွေကို မြေယာငှားရမ်းခ လျော်ကြေးနဲ့ သီးနှံနစ်နာကြေးတွေ ထုတ်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး အခုလို ပြန်လည်ဖြေဆိုတာ ဖြစ်ပါတယ်။

“စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကနေပြီးတော့ ညှိနှိုင်းနေတာ တခုရှိပါတယ်။ (၁) က အခု တောင်းတဲ့ မြေယာနဲ့ပတ်သက်ပြီး မြေယာလျော်ကြေးကို ထပ်မံတိုးပေးဖို့ ဖြစ်နိုင်မလား။ (၂) သူတို့ရဲ့ မြေအစား အခြားရေသွင်း စိုက်ပျိုးနိုင်တဲ့ မြေယာကို ကုမ္ပဏီက ဝယ်ပြီးတော့ အစားထိုးပြီး ပေးလို့ရှိရင်ဖြစ်မလား၊ (၃) ဒါကတော့ တောင်သူတွေက တောင်းဆိုတာပါ၊ သူတို့ရဲ့ နှစ်စဉ် သီးနှံလျော်ကြေးကို နှစ် ၆၀ ထိ ပေးလို့ဖြစ်မလား၊ အဲဒီအစဉ်အစီကိုလည်းပဲ ညှိနှိုင်းဆောင်ရွက်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဆိုပါတယ်။

မြေယာနစ်နာကြေးနဲ့ သီးနှံလျော်ကြေးကို စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြုချက်အတိုင်း ၂၀၁၃ ခုနှစ် မတ်လကနေ ၂၀၁၇ ခုနှစ် မေလအထိ ကုမ္ပဏီကနေ မြေ ၄၈၁၇ ဒသမ ၄၇ ဧကအတွက် ကျပ် ၄၉၅၀၁ ဒသမ ၇၇ သိန်း ပေးလျော်ခဲ့ပြီး ပေးလျော်ဖို့ကျန်တဲ့ မြေ ၁၈၁၀ ဒသမ ၀၆ ဧကအတွက် ၇၃ ဒသမ ၂၆ ရာခိုင်နှုန်း ထုတ်ပေးပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ထပ်တိုးထောက်ပံ့ကြေးအဖြစ်လည်း ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၁၇ ခုနှစ် မေလအထိ မြေ ၄၇၃၈ ဒသမ ၁၂ ဧကအတွက် ကျပ် ၃၂၀၅၀ ဒသမ ၁၅ သိန်းထုတ်ပေးခဲ့ပြီး ပေးလျော်ဖို့ ကျန်တဲ့ မြေ ၁၈၈၉ ဒသမ ၄၁ ဧကအတွက် ၇၁ ဒသမ ၆၆ ရာခိုင်နှုန်းထုတ်ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။

မြေယာစွန့်လွှတ်သူတွေအတွက် အလုပ်အကိုင် စောင့်ဆိုင်းနေတဲ့ ကာလအတွင်း ထောက်ပံ့ကြေးအနေနဲ့ ၂၀၁၇ ခုနှစ် မေလအထိ တောင်သူ ၉၀၂ ဦးအတွက် ကျပ် ၃၄၇၈၇ ဒသမ ၁၂ သိန်း ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013