DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အရေး အထူးစည်းဝေး သမ္မတအိမ်တော်တွင် ပြုလုပ်
DVB
·
July 1, 2017
ရခိုင်ပြည်နယ်အရေး အထူးစည်းဝေး သမ္မတအိမ်တော်တွင် ပြုလုပ်
Donate to DVB

ရခိုင်ပြည်နယ်အရေးကိစ္စဆိုင်ရာ အထူးအစည်းအဝေးတရပ်ကို နိုင်ငံတော် သမ္မတအိမ်တော်ရှိ ဧည့်ခန်းမှာ မနေ့ မွန်းလွဲပိုင်းက ပြုလုပ်သွားပါတယ်။

အဲဒီအစည်းဝေးမှာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ တပ်မတော်က ထိပ်တန်း အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။

အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့ပေးထားတဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့နဲ့ ပက်သက်လို့ တုံ့ပြန် ဆောင်ရွက် အစီအစဉ်တွေကို ရှင်းလင်းခဲ့သလို အတိုင်ပင်ခံရုံး ၀န်ကြီး ဦးကျော်တင့်ဆွေက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာ အကောင်အထည် ဆောင်ရွက်နေမှုတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အခြေအနေတွေနဲ့ လုံခြုံရေးဆောင်ရွက်မယ့် အစီအစဉ်တွေကို ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013