DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် အသစ်ဖွင့်မည့် ဘဏ်၊ ဟိုတယ်နှင့်စားသောက်ဆိုင်များ ကားပါကင် မပါလျှင် ခွင့်မပြု
DVB
·
June 30, 2017
စစ်တွေတွင် အသစ်ဖွင့်မည့် ဘဏ်၊ ဟိုတယ်နှင့်စားသောက်ဆိုင်များ ကားပါကင် မပါလျှင် ခွင့်မပြု
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အသစ်ဖွင့်လှစ်မယ့် ဘဏ်၊ ဟိုတယ်၊ စားသောက်ဆိုင်၊ လုပ်ငန်းတွေမှာ ကားပါကင် မပါရင် ဆောက်လုပ်ခွင့်မပြုတော့ဘူးလို့ ရခိုင်ပြည်နယ်၊ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

အများနဲ့ သက်ဆိုင်တဲ့နေရာတွေဖြစ်တဲ့ ဘဏ်၊ စားသောက်ဆိုင်၊ ဟိုတယ် စတဲ့နေရာတွေမှာ ယာဉ်ရပ်နားမှု များပြားလာတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး ဇွန် ၂၉ ရက်နေ့ မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် ပဉ္စမပုံမှန် အစည်းအဝေး တတိယနေ့မှာ စစ်တွေမြို့နယ်၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက မေးမြန်းခဲ့တာပါ။

ရခိုင်ပြည်နယ် အစိုးရ စည်ပင်ဝန်ကြီး ဦးမင်းအောင်က “စစ်တွေမြို့လမ်းမကြီး ဘဏ်ရှေ့တွေမှာ မိမိယာဉ်ကို ဘဏ်ရဲ့ အစီအမံတွေနဲ့ ဆောင်ရွက်ရမှာဖြစ်ပြီးတော့ စည်ပင်သာယာရေး အဖွဲ့အနေနဲ့ စည်းကမ်းထုတ်ပြန်ထားခြင်း မရှိပါကြောင်းနဲ့ နောင်တွင် အများနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဘဏ်လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက ယာဉ်ရပ်နားမည့်နေရမရှိလျှင် ခွင့်ပြုပေးမည်မဟုတ်ပါကြောင်းနဲ့ နည်းဥပဒေရေးဆွဲအခါမှာလည်း နည်းဥပဒေ ထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် စစ်တွေမြို့နယ်မှာ လူဦးရေများပြားလာတာနဲ့အမျှ ယာဉ်အသုံးပြုမှုတွေများ ပြားလာပြီး အများနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ ယာဉ်ရပ်နားမှု စနစ်တကျမရှိတာကြောင့် ယာဉ်တိုက်မှုတွေ များပြားလာနေတယ်အပေါ်လည်း ဖြေရှင်းပေးဖို့ ဦးအေးသိန်းက မေးမြန်းခဲ့ပါတယ်။

ယာဉ်ရပ်နားရာနေရာနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကိုလည်း ပြည်နယ် စည်ပင်ဥပဒေတွေမှာ ထည့်သွင်း ရေးဆွဲသွားမယ်လို့ ရခိုပြည်နယ်၊ စည်ပင်ဝန်ကြီးဦးမင်းအောင်က ပြောကြားခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013