DVB Logo
Home
မြန်မာသတင်း
အန်စီအေ ကတိက၀တ်များအပေါ် လိုက်နာမှုအားနည်းခြင်းနှင့် ပျက်ကွက်မှုများရှိဟု ထောက်ပြ
DVB
·
June 30, 2017
အန်စီအေ ကတိက၀တ်များအပေါ် လိုက်နာမှုအားနည်းခြင်းနှင့် ပျက်ကွက်မှုများရှိဟု ထောက်ပြ
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီနဲ့  အန်စီအေ အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) စတဲ့ အစည်းအဝေး အဆင့်အဆင့်မှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်နှင့် အန်စီအေစာချုပ်ပါ အချက်တွေ၊ ကတိက၀တ်တွေအပေါ် လိုက်နာမှု အားနည်းတာ၊ ပျက်ကွက်တာတွေ တွေ့ရှိရတယ်လို့ ယူအန်အက်စီက ပြောကြားလိုက်ပါတယ်။

မနေ့က ကျင်းပပြီးစီးတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုး ဖက်ဒရယ်ကောင်စီ (ယူအန်အက်စီ) အဖွဲ့ဝင်တွေနဲ့ မိတ်ဖက်တိုင်းရင်းသားလက်လက်ကိုင်အဖွဲ့စည်းတွေ၊ မိတ်ဖက်တိုင်းရင်းသား နိုင်ငံရေးပါတီ  အစည်းအဝေးအပြီး အခုလို ထုတ်ပြန်ပြောကြားလိုက်တာပါ။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်တာ၊ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီဆွေးနွေးပွဲတွေမှာ အချိန်လုံလောက်စွာမရတဲ့အတွက် မူဝါဒဆိုင်ရာကိစ္စရပ်တွေကို ကျေကျေလည်လည် မဆွေးနွေးနိုင်ဘူးလို့လည်း ထုတ်ပြန်က ဆိုပါတယ်။

ဒါ့အပြင် ၂၁ ရာစု ဒုတိယ အစည်းအဝေးကျင်းပစဉ် အခင်းအကျင်း အားနည်းချက်တွေ ရှိနေခြင်း၊ ရရှိလာတဲ့ ညီလာခံရလဒ်ဟာ အားလုံးကို ကိုယ်စားပြုမှု၊ လွှမ်းခြုံမှုမရှိတာ၊ ညီလာခံတက်ရောက်တဲ့ အဖွဲ့အစည်းအားလုံ ဆုံးဖြတ်ချက်မပါတာ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အဆုံးမသတ်နိုင်သေးတာကြောင့် ညီလာခံကျင်းပပုံနဲ့ ဆုံးဖြတ်ချက်ချမှတ်ပုံ နည်းလမ်းမှာ ရှင်းလင်းမှု မရှိတဲ့ အားနည်းချက်တွေ တွေ့ရှိရပါကြောင်း ဖော်ပြပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစုအဖွဲ့အားလုံး ပါဝင်လာနိုင်ရေး၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအဆင့်ဆင့်မှာ အကျေ အလည်ဆွေးနွေးရေးတို့ကို အားလုံးသဘောတူ လက်ခံနိုင်တဲ့ အခြေအနေရောက်ရှိ အောင်ဆောင်ရွက်ပြီးမှသာ  ပြည်ထောင်စုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးအကောင် အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013