DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 30, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၈၆၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၆,၀၀၀ ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့နှိုင်းယှဉ်လိုက်ရင်တော့ ဒီတပတ်က ၁ တန်ကို ၃၀,၀၀၀ ကျပ်နီးပါး မြင့်တက်လာပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီတပတ်မှာ ၁ တန်ကို ငွေကျပ် ၆၂၉,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၈,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဒီတပတ်မှာတော့ ၁ တန်ကို ငွေကျပ် ၁၀,၀၀၀ လောက် ဈေးတက်လာပါတယ်။

အာလူး
အာလူးကတော့ ဒိနေ့မှာ ၁ ပိဿာကို ၂၀၀ ကျပ်ကနေ ငွေကျပ် ၅၃၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၃၀ ကျပ် ဈေးတက်လာပါတယ်။

ငရုတ်ပွ
ငရုတ်ပွကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးနှုန်းကတော့ ၁ ပိဿာကို ငွေကျပ် ၅၈၀၀ ပေါက်ဈေးရှိနေပါတယ်။

ပဲကြီး
ပဲကြီးက ဒီနေ့မှာ ၁ ပိဿာကို ၉၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးနှုန်းကတော့ ၁ ပိဿာကို ငွေကျပ် ၂,၁၇၀ ကနေ ၂,၈၃၅ ကျပ် ပေါက်ဈေးရှိနေပါတယ်။

ပဲပုတ်(ဗမာ)
မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ဗမာ)က ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၈၈,၀၀၀ ပေါက်ဈေးရှိနေပါတယ်။

နှမ်းဖြူ
နှမ်းဖြူကတော့ ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၁၀၃,၀၀၀ ရှိပါတယ်။

စီပီပြောင်း
လားရှိုးကုန်စည်ဒိုင်မှာတာ့ စီပီပြောင်းက ၁ ပိဿာကို ၄၅၀ ကျပ်ကနေ ငွေကျပ် ၅၅၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၅၀ ကျပ် ဈေးတက်လာပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013