DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးပေါ်တွင် တရားမဝင်သစ်များ တင်လာသည့် ၆ ဘီးယာဉ်တစီး ဖမ်းမိ
DVB
·
June 30, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၊ အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၉၂/၁) အနီးမှာ ဒီနေ့မနက် ၆ နာရီအချိန်လောက်က တရားမဝင်သစ်တွေ တင်ဆောင်လာတဲ့ ၆ ဘီးကားတစီးကို ဖမ်းမိခဲ့တယ်လို့ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ သစ်တွေဟာ အမြန်လမ်းအတိုင်း နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို သယ်ဆောင်လာချိန်မှာ ဖမ်းမိခဲ့တာလို့ မျက်မြင်တွေ့သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သစ်တွေတင်လာတဲ့ကားက ဘယ်ဘက်ဘီးဘောကျွံပြီး မောင်းမရတော့ ရပ်ထားတာပါ။”

ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတဦးက “ဖမ်းမိတာကတော့ သတင်းအရပါ။ သစ်ကတော့ ၄ တန်ကျော်ကျော်လောက် ရှိမယ်။ အခုတိုင်း နေပါတယ်။ သစ်အမျိုးအစားကတော့ ပျဉ်းကတိုးပါ” လို့ ပြောပါတယ်။

သစ်တွေ တင်ဆောင်လာတဲ့ ကားကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး YGN 1L/9362 ခဲရောင် ၆ ဘီး မော်တော်ယာဉ်ပေါ်မှာ ပျဉ်းကတိုးခွဲသားဆိုဒ်စုံ ၅၆ ချောင်း၊ ၄ ဒသမ ၄၅၁၈ တန် ကို ဖမ်းဆီးရမိခဲ့တာပါ။ ပိုင်ရှင်စုံစမ်းဆဲ ဖြစ်တယ်လို့ သစ်တောဌာနက သိရပါတယ်။

အနောက်ပဲခူးရိုးမတောင် သစ်ထုတ်လုပ်မှုကို ၂၀၁၆ ကစတင်ပြီး ၂၀၂၆ အထိ ဆယ်နှစ် သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားပေမယ့်လည်း သစ်ခိုးထုတ်မှုတွေ ရှိနေပြီး တရားမဝင်သစ်တွေ ဖမ်းဆီးရမိရာမှာလည်း ပိုင်ရှင်မဲ့တွေသာ ဖမ်းဆီးရမိနေတဲ့အတွက် သစ်တောဦးစီးဌာနကို ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013