DVB Logo
Home
Lead Story
မိသားစုအတွက် ၈ နှစ်အရွယ်တည်းက ရုန်းကန်လှုပ်ရှားနေရသည့် မိန်းကလေးငယ် (ရုပ်သံ)
DVB
·
June 30, 2017
မိသားစုအတွက် ၈ နှစ်အရွယ်တည်းက ရုန်းကန်လှုပ်ရှားနေရသည့် မိန်းကလေးငယ် (ရုပ်သံ)
Donate to DVB



ပညာရေးမှာ ကျောင်းနေပျော်၍ စာတော်ရမည်ဆိုတဲ့အတိုင်း ကျောင်းနေပျော်ပြီး စာတော်ခဲ့ပေမယ့် မိသားစုရဲ့ စားဝတ်နေရေးကြောင့် ကျောင်းထွက်လိုက်ရတဲ့ ကလေးတွေ များစွာရှိပါတယ်။ ဒီလို မိသားစုရဲ့ အဆင်မပြေမှုတွေကြောင့် ကျောင်းထွက်ခဲ့ရပြီး ကြုံရာအလုပ် လုပ်ရင်း မိသားစုကို အထောက်အပံ့ပြုနေတဲ့ ဧရာဝတီတိုင်း၊ မအူပင်မြို့က မိန်းကလေးငယ်တဦး ရှိပါတယ်။ သူမနာမည်ကတော့ မဝင်းဝင်းထက် ဖြစ်ပါတယ်။

“အလုပ်တွေကတော့ အများကြီးပဲလေ။ တောက်လျှောက်လုပ်တာပဲ။ ကော်ကောက်တယ်။ ဆိုင်သိမ်းတယ်။ ဆိုင်တွေ ဆင်းတယ်။ ဈေးလည်း ရောင်းတယ်။ ဒီလို ပန်းရန်လည်း လိုက်ဆင်းတယ်။”

ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ မဝင်းဝင်းထက်တယောက် မိသားစုရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေခဲ့တာ သူ့အသက် ၈ နှစ်ကတည်းကပါ။

“ငယ်လည်း ငယ်တော့လေ အလုပ်က ဘယ်သူမှ မခေါ်ဘူး။ ခိုင်းလို့လည်း မရတဲ့အရွယ်ဆိုတော့။ အဲဒီတုန်းကတော့ ကော်ကောက်တယ်၊ ကြက်သွန် ကုန်စိမ်းတွေ ဘာတွေ လျှောက်သိမ်းပေးတယ်။ ကုန်စိမ်းတွေ သိမ်းပြီးသွားရင် သူတို့ ရောင်းမကုန်တဲ့ အနွမ်းအဖတ်တွေ ပေးတယ်။ အဲဒါ ကိုယ့်အိမ်မှာ ချက်စားလို့ရတယ်ဆိုပြီး ယူလာတာ။ နောက်ပြီးတော့ ကြက်သွန်ဆိုင်တွေမှာ သွားသိမ်းရင် သူတို့က ကြက်သွန်တွေ ပေးတယ်။ အဲဒါတွေကို ဟင်းချက်ဆိုင်တွေမှာ ပြန်ပြီးရောင်းလို့ရတယ်လေ။ အဲဒီမှာ သမီးတို့လိုပဲ ဆင်းရဲတဲ့သူတွေ အများကြီးပဲ ရှိသေးတယ်။ ကော်တွေကောက်တယ်။ ရောင်းပြီးတော့ပဲ နေတယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

အေးမိစံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013