DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၂၅၀၀ နီပါး မြ၀တီမြို့သို့ ရောက်ရှိ
DVB
·
June 29, 2017
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၂၅၀၀ နီပါး မြ၀တီမြို့သို့ ရောက်ရှိ
Donate to DVB

ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပြီး မြန်မာနယ်စပ် မြ၀တီမြို့ကို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၂၅၀၀ နီးပါး ဒီကနေ့ မြ၀တီမြို့ဘက်ကို ပြန်လည်ရောက်ရှိလာပါတယ်။

ဒီနေ့ညနေ ၂ နာရီအထိ ပြန်လည်ရောက်ရှိလာသူ ကျား ၁၄၅၇ ယောက်နဲ့ မ ၉၂၈ ပြန်လည် ရောက်ရှိလာကြောင်း လက်ရှိ သူတို့တွေကို မြ၀တီမြို့ လူမှုကူညီရေးအဖွဲ့တွေက ကူညီမှုတွေ လုပ်ဆောင်ပေးနေပါတယ်။

မော်လမြိုင်မြို့အခြေစိုက် သာသနာနွယ်ဖောင်ဒေးရှင်က အရှင်စန္ဒဇောတိက အဖမ်းဆီးခံရပြီး အဝတ်တထည် ကိုယ်တခုနဲ့ ပြန်ခဲ့ရတဲ့ မြန်မာအလုပ်သမားများအတွက် အိမ်အပြန်စရိတ်နဲ့ လိုအပ်တာတွေကို ကူညီပေးဖို့ မနက်ဖြန် မြ၀တီကို ကြွမယ်လို့ မိန့်ပါတယ်။

“မနက်ဖြန်လည်း ပြန်ရောက်လာဦးမယ်။ ဘယ်နှစ်ယောက်ရောက်လာမလဲ မသိသေးဘူး။ သူက သောက်ကြာနဲ့ အင်္ဂါ သွန်တဲ့ရက်လို့ပြောတယ်။ မနက်ဖြန် ဦးဇင်တို့ ဒီကနေ မနက် ၆ နာရီ ထွက်မယ်။ ဒီကနေ ဦးဇင်းတို့ ကား ၄ စီးနဲ့သွားမယ်။ မွန်ပြည်နယ်လို့ ဘားအံတို့ ပြန်မယ့်သူတွေ ရှိရင် ပို့ပေးမယ်။ နောက်တခြားမြို့ရွာတို့ ပြန်မယ့်သူတွေရှိရင်ဦးဇင်းတို့ လမ်းစရိတ်လှူပေးမယ်။”

ပြန်မယ့်နေရာဒေသအပေါ်မူတည်ပြီး ခရီးအကွာအဝေးကုန်ကျစရိတ်တွေတွက်ပြီး လမ်းစရိတ် ကူညီပေးသွားမှာဖြစ်တယ်လို့လည်း အရှင် စန္ဒာဇောတိက မိန့်ပါတယ်။

ဒီကနေ့ မြ၀တီမြို့ကို ပြန်လည်ရောက်ရှိလာတဲ့သူတချို့ကတော့ နေရပ်သီးသီးကို ပြန်သွားကြပြီ ဖြစ်ပေမယ့် တချို့ကတော့ မြ၀တီမြို့ လူမှုရေးနဲ့ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှာ နေရာချထားပေးတာရှိတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013