DVB Logo
Home
မြန်မာသတင်း

ဖမ်းဆီးမိသည့် ဂျူတီမဲ့ ကုန်ပစ္စည်း ကျပ်သိန်း ၂၀၀၀ ကျော်ဖိုး ဖျက်ဆီး

DVB
·
June 29, 2017
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိထားတဲ့ ဂျူတီမဲ့ ကုန်ပစ္စည်း ကျပ်သိန်း ၂၀၀၀ ကျော်ဖိုးအား ဒီနေ့ နေ့လယ်ပိုင်းက ဖျက်ဆီးလိုက်ပါတယ်။

မရမ်းချောင်စစ်ဆေးရေးဂိတ် တာဝန်ခံ ညွှန်ကြားရေးမှူး ဦးနေလင်းအောင်က "ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကို အမျိုးအစားခွဲပြီးတော့ ကုန်သွယ်မှုနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကိုတော့ လေလံတင်ရောင်းချထားတွေ ရှိသလို ပစ္စည်းကို ဒဏ်ရိုက်ပြီး ပြန်ပေးတာလည်း ရှိတယ်။ ဒဏ်ရိုက်ပြီး ပြန်ပေးတဲ့ပစ္စည်းတွေက ကုန်သွယ်ခွင့်ရထားပြီး ဂျူတီမဆောင်ဘဲ အပိုသွင်းလာတဲ့ ပစ္စည်းမျိုးတွေပါ။ ဂိတ်စဖွင့်တဲ့နေ့ကနေ အပိုတင်လာတဲ့ ကုန်သွယ်ခွင့်ရပစ္စည်းတွေ ဖမ်းဆီးထားတာလည်း ရှိပါတယ်" လို့ ပြောပါတယ်။

အခုတကြိမ် ဖျက်ဆီးတာဟာ မရမ်းချောင်စစ်ဆေးရေးဂိတ်ကနေ ၂၀၁၇ ခု မေ ၃ ရက်နေ့နောက်ပိုင်း ဖမ်းဆီးထားတဲ့ ဘီယာအမှု ၁၅ မှု၊ အရက် ၂ မှု၊ ကွမ်းစားဆေး ၂ မှု၊ ပိုသတ်ဆေး ၆ မှု စုစုပေါင်း ၂၅ မှု၊ ကာလတန်ဖိုး ၂၂၉,၀၉၇,၀၀၀ ကျပ်လောက်အား ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ပထမအကြိမ်တုန်းက အမှုတွဲ ၂၂ ခုမှ အရက်၊ ဘီယာ ကာလတန်ဖိုး ၁၀၈၉.၃၀ သိန်း သက်တမ်းလွန်မှတ်ပုံတင်မရှိတဲ့ ဆေးဝါး ၂၂၈ ဒသမ ၀၃ သိန်း၊ စီးကရက် ကျပ်သိန်း ၅၀ စုစုပေါင်းကာလတန်ဖိုး ၁၃၆၇ ဒသမ ၃၃ သိန်းအား ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မရမ်းချောင်ကုန်သွယ်မှု စစ်ဆေးရေးဂိတ်စခန်းအား ၂၀၀၃ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၂ ခုနှစ်မှာ ပိတ်သိမ်းခဲ့ကာ ၂၀၁၇ ခုနှစ်နှစ် မတ်လ ၁ ရက်နေ့မှာတော့ ပြည်ထောင်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013