DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် IAEA ညွှန်ကြားရေးမှူးချုပ် တွေ့ဆုံ
DVB
·
June 29, 2017
ဒေါ်အောင်ဆန်းစုကြည်နှင့် IAEA ညွှန်ကြားရေးမှူးချုပ် တွေ့ဆုံ
1 / 3
Donate to DVB

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency- IAEA) ညွှန်ကြားရေးမှူးချုပ် Mr. Yukiya Amano နဲ့ ဒီနေ့မနက် ၁၀ နာရီမှာ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ ဧည့်ခန်းမမှာ လက်ခံတွေ့ခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံပွဲမှာ IAEA မှ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ၊ အဏုမြူနည်းပညာကို ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးဏ္ဍ၊ ရေအရင်းအမြစ်ကဏ္ဍတို့မှာ အသုံးချမှုမှတဆင့် လူသားကောင်းကျိုးကို ဖော်ဆောင်နိုင်မှု၊ မြန်မာနိုင်ငံနှင့် IAEA တို့အကြား ပူးပေါင်းဆောင်ရွက်မှုတို့နဲ့ ပတ်သက်လို့ အမြင်ချင်းဖလှယ် ဆွေးနွေးကြပါတယ်။

တွေ့ဆုံပွဲကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

သတင်းဓာတ်ပုံ -Myanmar State Counsellor Office

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013