
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးနှုန်းကတော့ ၁ တန်ကို ငွေကျပ် ၈၄၉,၀၀၀ ပေါက်ဈေးရှိနေပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ၁ တန်ကို ငွေကျပ် ၆၂၁,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၇,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပဲထောပတ်
ပဲထောပတ်ကတော့ ၁ ပိဿာကို ၈၅ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၁,၆၅၅ ပေါက်ဈေးရှိနေပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ ၁ ပိဿာကို ငွေကျပ် ၂,၅၀၀ ကနေ ၃,၆၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
နှမ်းညို
မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းညိုက ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၇၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၅,၀၀၀ ပေါက်ဈေးရှိနေပါတယ်။
နှမ်းဖြူ
နှမ်းဖြူကတော့ ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၁၀၅,၀၀၀ ပေါက်ဈေး ရှိနေပါတယ်။
ရွှေပဲ
အောင်ပန်း ကုန်စည်ဒိုင်မှာတော့ ရွှေပဲက ၁ ပိဿာကို ငွေကျပ် ၃,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မုန်လာဥနီ
မုန်လာဥနီကတော့ ၁ ပိဿာကို ငွေကျပ် ၆၀၀ ပေါက်ဈေးရှိနေပြိး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA











